သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-08
"ကျမတို့က ဒီမိုကရေစီ စံနှုန်းထားတွေကို ယုံကြည်တဲ့ အလျောက် သတင်း လွတ်လပ်ခွင့် ဆိုတာ နိုင်ငံ တနိုင်ငံရဲ့ ကောင်းကျိုးအတွက် လွန်စွာမှ လိုအပ်တယ်လို့ ယူဆပါတယ်။
2011-07-07
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ်နားက ဇီးအို ကျေးရွာမှာ ရှိတဲ့ ရှားပါး သဘာ၀ သစ်တောဝိုင်း တခုကို သွားရောက် လေ့လာပြီး အဲဒီရွာမှာ လိုအပ်နေတဲ့ သောက်သုံးရေနဲ့ ကျန်းမာရေး ဆေးပေးခန်း အတွက် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါတယ်။
2011-07-07
ရန်ကုန် အမေရိကန်သံရုံး ယာယီ တာဝန်ခံသံမှူး နဲ့ ဒုတိယ သံရုံးတာဝန်ခံတို့ဟာ ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်းက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ လာရောက် တွေ့ဆုံပါတယ်။
2011-07-07
မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ကျောင်းသားထု အခွင့်အရေးတွေ အပြည့်အ၀ ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့ဒီကနေ့ ကျောင်းသားသမဂ္ဂ ဖြိုဖျက်ခံရတဲ့ ၄၉ နှစ်ပြည့်နေ့ ဇူလိုင် ၇ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်သူများ တပ်ပေါင်းစု ဗဒတ က တိုက်တွန်း လိုက်ပါတယ်။
2011-07-07
၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။
2011-07-07
မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တဦး တာဝန် ထမ်းဆောင်စဉ်မှာ မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်တဲ့ အထိ နစ်နာကြေး မရရှိတဲ့ အတွက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြားလိုက်တယ်လို့သတင်းရရှိပါတယ်။
2011-07-07
မြန်မာနိုင်ငံက အကျဉ်းထောင် သုံးခုကို အိုင်စီအာစီ ကမ္ဘာ့ ကြက်ခြေနီ အသင်းကြီးက ဝင်ရောက် စစ်ဆေးခွင့် ရခဲ့တယ်လို့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ် ဆိုင်ရာ ICRC ဆက်သွယ်ရေး အရာရှိ Philippe Marc Stoll က မနေ့က ပြောကြား ပါတယ်။
2011-07-06
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်း သမီး ၃ ဦးက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း RFA ကို ပြောဆိုပါတယ်။
2011-07-06
အခြေခံပညာ ဒဿမတန်း စာမေးပွဲ အောင်နှုန်း သိသိသာသာ ကျဆင်းနေတဲ့ အတွက် ရန်ကုန်တိုင်းက မြို့နယ် တချို့က ပုဂ္ဂလိက ကျူရှင်ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့လ အတွင်း မြို့နယ် အဆင့် ပညာရေး အာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။
2011-07-06
ထိုင်းနိုင်ငံကို ရောက်နေပြီး မကြာခင် သက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို ဘန်ကောက်ရှိ မြန်မာသံရုံး အပါအဝင် ရနောင်းရှိ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက် သက်တမ်း တိုးခွင့်ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2011-07-06
ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ အချိန်ယူရမယ်လို့ အစိုးရက KIO ထံ ဒီကနေ့ ပြန်ကြား စာတစောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စာကို ကချင် အမျိုးသား အတိုင်ပင်ခံ ကောင်စီက KIO ဌာနချုပ် လိုင်ဇာမြို့ကို ဒီကနေ့ ညနေပိုင်းက ယူဆောင်လာပြီး ပေးအပ်ခဲ့တာပါ။
2011-07-06
ရန်ကုန်မြို့ပြင်ပကို ပထမဆုံး အကြိမ် ခရီးထွက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အလည်အပတ် ရောက်ရှိနေတဲ့ သားငယ် ကိုထိန်လင်းနဲ့ အတူ ပုပ္ပါးဘက်ကို ဇူလိုင်လ ၆ ရက်နေ့မှာ ခရီးလှည့်လည် ပါတယ်။
2011-07-06
သာသနာ့ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေဟာ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဂျာမဏီ နိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr. Markus Loning ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။
2011-07-06
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ အစိုးရ ပြည်ထဲရေး ဝန်ကြီး ဌာနက ဥပဒေနဲ့ မညီဘူးလို့ ပြောပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဟာ မြန်မာနိုင်ငံမှာ တရားဝင် ရပ်တည်နေတဲ့ ပါတီ ဖြစ်တယ်လို့ ဘီဘီစီ ရေဒီယို ဖိုး အသံလွှင့် အစီအစဉ်မှာ မနေ့က ပြောကြားလိုက် ပါတယ်။
2011-07-05
ကချင်ပြည်နယ်အတွင်း IDP ခေါ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတဲ့ ဒုက္ခသည်များအရေးကို ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပါဝင်ကူညီရေးအတွက် KIO အဖွဲ့က ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။