ဂျာမဏီ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဌ မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံ

သာသနာ့ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေဟာ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဂျာမဏီ နိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr. Markus Loning ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

2011.07.06
ashin_gambira_250_z.jpg စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် လက်ရှိ ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသော ၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော်တပါး ဖြစ်သည့် အရှင်ဂမ္ဘီရ ပုံ ဖြစ်ပါသည်။
RFA

ဒီအဖွဲ့မှာ သာသနာ့ ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ဥရောပ ကိုယ်စားလှယ် အရှင် ကောဝိဒ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှုး ဦးအောင်ထူး နဲ့ Burma Euro Germany မှ ဦးအောင်သူ တို့ပါဝင်ပြီး ဂျာမဏီ အစိုးရ ရုံးစိုက်ရာ ဘာလင်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဂျာမဏီ နိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးကို သွားရောက် တွေ့ဆုံခဲ့တာပါ။

Mr. Markus Loning ဟာ ပြီးခဲ့တဲ့ လအတွင်း မြန်မာနိုင်ငံကို သွားရောြက်ပီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အပါအဝင် တခြား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ရာမှာ လေ့လာ တွေ့ရှိချက်တွေကို သိလိုတဲ့ အတွက် အခုလို သွားရောက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ဆွစ်ဇာလန် နိုင်ငံမှာ သီတင်းသုံး နေထိုင်သူ မြန်မာ ရဟန်းတော် အရှင် ကောဝိဒ က ရှင်းလင်း မိန့်ကြားပါတယ်။

၂ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကလေး အကျဉ်းထောင် အတွင်းမှ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးဂမီ ္ဘရ ရေးသားပေးပို့တဲ့ မေတ္တာ လမ်းစဉ် ကျင့်သုံးကြဖို့တိုက်တွန်း နှိုးဆော်စာ ကိုလည်း အင်္ဂလိပ် ဘာသာ ပြန်ဆိုကာ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ အရှင်ဂမီ ္ဘရ ရဲ့စာမှာ ဖေါ်ပြပါရှိချက်တွေကို ဦးကောဝိဒ က အခုလို ရှင်းပြပါတယ်။

"အာဃာတ မထားကြဖို့၊ ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုးကို ရှေ့ရှုပြီး စကားပြောကြဖို့၊ ဒီလို စကားတွေ ပြောမှလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ဘယ်အချိန်မှာ စရမလဲဆိုတဲ့ မေးခွန်းကတော့ အခုဘဲ စလိုက်ပါဆိုတဲ့ အကြောင်းပေါ့။ စတာက နောက်ကျမယ်ဆိုရင် ပြဿနာတွေဟာ ပိုပြီး ကြီးထွားလာမယ်။ အဲဒီလို မေတ္တာကို အခြေခံပြီးတော့ ဦးဂမီ ္ဘရ က ရေးတာပေါ့။ ဒါကို ဦးပဉ္စင်းတို့က ဘာသာပြန်ပြီးတော့ သူ့ကို ပေးခဲ့တယ်။"

မြန်မာဘာသာနဲ့ရေးသားထားတဲ့ အရှင်ဂမီ ္ဘရရဲ့ မူရင်းစာကို ဘာလင်မြို့ရှိ ဂျာမဏီ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုလည်း ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။