သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-02
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် ခန့်ဖို့ အမေရိကန် အစိုးရက အသင့်ဖြစ်နေပြီလို့ မနေ့က ထုတ်ဝေတဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရေးရာ စာစောင်ဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြလိုက်ပါတယ်။
2011-04-01
မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင် တဝိုက်က ရတနာပုံ ဆိုင်ဘာစီးတီးနဲ့ မန္တလေးဖက်က အာဆီယံလမ်းမကြီး ဖောက်လုပ်မဲ့ နေရာတွေမှာ အိမ်ခြံမြေ ဈေးတွေ ထူးထူူးခြားခြား ကောင်းနေတယ်လို့ သိရပါတယ်။
2011-04-01
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မတ်လ ၂၄ ရက်နေ့ ငလျင်ဘေးဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူတွေဟာ အအေးဒဏ်ခံနိုင်တဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေကြတဲ့အပြင် ကလေးအများစုဟာလည်း ဝမ်းရောဂါ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။
2011-04-01
ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးလာတဲ့အတွက် စူရပ်ဌာနီခရိုင်၊ စူရပ်မြို့ ရှိ ဂျေကွန်မစ် ရေလုပ်ငန်း စက်ရုံက မြန်မာအလုပ်သမားတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။
2011-04-01
ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ အစည်းအဝေးကို ဧပြီ ၁ ရက် ဒီကနေ့ မွန်း့လွဲ ၁ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပရာမှာ CRPP အတွင်းရေးမှူး ဦးအေးသာအောင် အဖွဲ့ဝင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြ ပါတယ်။
2011-04-01
ရှမ်းပြည်တောင်ပိုင်း မြေငလျင်သင့် ဒေသတွေမှာ ရေတွင်း ရေလှောင်ကန်တွေ ပျက်စီးဆုံးရှုံးကုန်လို့ သောက်သုံးရေ အခက်အခဲတွေ ကြုံနေရတဲ့အပြင် တချို့ဒေသတွေမှာ ဆိုရင် ဝမ်းရောဂါပါ ဖြစ်ပွားနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
2011-04-01
မြန်မာအစိုးရသစ်ကို အသိအမှတ်မပြုပဲ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့ လိုအပ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟိတ်က မတ်လ ၃၁ မနေ့က ပြောကြားလိုက်ပါတယ်။
2011-04-01
မြန်မာအစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ်က မတ်လ ၃၁ ရက် ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2011-04-01
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှု ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးပြီး မတ်လ ၃၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။