သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-17
ယာယီသက်သေခံလက်မှတ် (ဝှိုက်ကဒ်) ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-17
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန် ၃ မှာ အခြေခံလုပ်ခလစာ တိုးပေးဖို့ သပိတ်စခန်းဖွင့် တောင်းဆိုနေ ကြတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
2015-02-17
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားကြမှာဖြစ်ကြောင်း ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။
2015-02-17
တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို မဟာမိတ်အဖွဲ့တွေနဲ့အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုနေတဲ့ ပင်မသပိတ် စစ်ကြောင်း ဟာ ရန်ကုန်အထိ ဆက်လက်ချီတက်ဖို့ မသေ ချာသေးပဲ မနက်ဖြန်မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
2015-02-17
မကွေးတိုင်း ရေနံချောင်းမြို့ မြို့မဈေးကြီးမှာ ဒီနေ့မနက် လင်းအားကြီးက မီးလောင်ကျွမ်း ရာမှာ ဈေးအနောက်ဘက်၊ ဈေးအရှေ့ ထိပ်နှင့် အရှေ့တောင်ထောင့်ရှိ ဆိုင်ခန်းများမှအပ ဈေး အတွင်းနှင့် ဘေးပတ်လည်ရှိ ဆိုင်ခန်းပေါင်း ၃၁၂ ခန်း ပျက်စီးဆုံးရှုံးသွားပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါအချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စု လွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေကို တင်ပြခဲ့ကြပါတယ်။
2015-02-17
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဦးစီး ကျင်းပတဲ့ ရှမ်းပြည်နယ်တိုင်းရင်းသား ပေါင်းစုံညီလာ ခံကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှာ ဒီနေ့ ကျင်းပရာ တိုင်းရင်းသား ပါတီ ၁၀ ခုက ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုနေ တဲ့ ပင်မသပိတ်မှောက်စစ်ကြောင်းဟာ လက်ပံတန်း မြို့မှာ ဒီညရပ်နားပြီး ရန်ကုန်အထိ ဆက်လက်သွား မလားဆိုတာကို မနက်ဖြန်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ တဲ့ ကျောင်းသားတွေရဲ့ ပင်မသပိတ်စစ်ကြောင်း ဟာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ပဲခူးတိုင်း မင်းလှမြို့ ကို ရောက်ရှိမှာဖြစ်ပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကိုထောက်ခံတဲ့ ဆန္ဒပြပွဲကို ၂ဝ၁၅ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက် အားလုံးကို အစိုးရက လက်ခံလိုက်ပြီး၊ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းဖို့ သဘောတူလိုက်ပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတွေထဲက၊ ပဲခူးမြို့နဲ့ ဘိုကလေးမြို့ မှာ ရောက်နေတဲ့ စစ်ကြောင်း ၂ ကြောင်းက သပိတ်ကို ရပ်နားတော့မှာ ဖြစ်ပါတယ်။
2015-02-17
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို ဆန္ဒမဲပေးခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ်တခုလုံးမှာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2015-02-17
SNDP- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် မှာ ဖေဖော်ဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်၊ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။