UNA ဒုတိယအကြိမ် ညီလာခံ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်


2015.02.17
una-conference-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ်
Photo: San Maw Aung/ RFA

တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို မဟာမိတ် အဖွဲ့တွေနဲ့အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်း ဆီခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ဒီညီလာခံမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို ဆွေးနွေးကြတယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြုပြင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေတဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေပေါ်ပေါက်အောင် ဝိုင်းဝန်းဆွေးနွေးကြဖို့ အဲ့နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာပြီဆိုလို့ရှိရင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တကယ်အလုပ်ဖြစ်နိုင်မယ့် အားလုံးဘုံသဘောတူ ညီချက်ဆိုင်ရာ အမြင်သဘောထားစုစည်းခဲ့တာပါ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်ကို ဘယ်လိုလုပ်ကြမလဲပေါ့၊ ဘာဖက်ဒရယ်မျိုးကို ကျနော်တို့လုပ်ကြမလဲဆိုတာကို အဓိကဝိုင်းဆွေးနွေးကြတာပါ"

ညီလာခံကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ်၊ ဇိုမီးဒီမိုကရေစီအဖဲ့ွချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။