ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားအစုံ ပါဝင်စေမည်


2015.02.17
shan-state-ethnic-conference-305.jpg ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ညီလာခံကို ဖေဖော်ဝါရီ လ ၁၇ ရက်နေ့က တောင်ကြီးမြို့မှာ ကျင်းပစဉ်
Photo: Khun Yarzar/RFA

တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားကြမှာဖြစ်ကြောင်း ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ညီလာခံကနေ ဆုံးဖြတ်လိုက် ပါတယ်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ကိုးကန့်လူမှုအသင်း ခန်းမမှာကျင်းပတဲ့ ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ညီလာခံမှာ လာမယ့်ရွေးကောက်ပွဲအပြီး ရှမ်းပြည်နယ် အစိုးရ ဖွဲ့စည်းရေးအတွက် တိုင်းရင်းသားပါတီတွေရဲ့ ဆုံးဖြတ်ချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့၊ ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိဖို့၊ တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်ရေးဥ ပဒေကို ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားပေါင်းစုံနိုင် ငံရေးပါတီတွေ ပါဝင်နိုင်ဖို့တို့မှာလည်း ပူးပေါင်းဆောင် ရွက်ကြမယ်လို့ သဘောတူညီခဲ့ကြပါတယ်။

အဲဒီညီလာခံဟာ ပထမဆုံးအကြိမ် တိုင်းရင်းသားပါတီတွေ ကျင်းပတဲ့ ညီလာခံဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ၊ ဖက်ဒရယ်ယူနီယံပါတီ၊ ထားဝယ်တိုင်းရင်းသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ ပါတီ ၁၀ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။