သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-31
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ပတ်သက်ပြီး အမှုကို ပြန်လည်သုံးသပ် စိစစ်ပေးဖို့ ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီရဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့ထံ ဒီနေ့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
2015-12-31
ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးခဲ့ တဲ့ နှစ်ပေါင်း ၂၃၁ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ ကို တောင်ကုတ်၊ စစ်တွေ၊ မြောက်ဦးနဲ့ အခြားမြို့နယ်အချို့ မှာ ဒီနေ့ပြုလုပ်ကြပါတယ်။
2015-12-31
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နဲ့ကွတ်ခိုင် မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံ လူငယ် ၁၅ ယောက်ကို ကေအိုင်အေတပ်တွေက ပြီးခဲ့ တဲ့ နှစ်ရက်လောက်က ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မူဆယ်မြို့နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။
2015-12-31
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း ခေါ် ခိုတောင် ကျွန်း လူသတ်မှုအတွက် သေဒဏ်ချမှတ် ခံရထား တဲ့ မြန်မာ ၂ ဦးရဲ့ အမှုမှာ အမှုမှန် ဖော် ထုတ်နိုင်ရေးအတွက် သံဃာတော်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ ဒီဇင်ဘာလ ၃ဝ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-12-30
မြန်မာတစ်နိုင်ငံလုံးက ကာတွန်းဆရာတွေ စုပေါင်းပြီး မြန်မာကာတွန်း နှစ် ၁ဝဝ ပြည့်ပွဲတော်ကို ရန်ကုန် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပနေပါတယ်။
2015-12-30
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဖြေရှင်းမယ့် နည်းလမ်း ၃ ခုကို ပြန်လည်စဉ်းစားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ထံ ဒီဇင်ဘာလ ၂၉ ရက်နေ့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
2015-12-30
ရခိုင်ကမ်းရိုးတန်းကနေ တရုတ်နိုင်ငံ ကူမင်းထိ ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်ထားတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတောင်သူတွေ ထိခိုက်နစ်နာမှုနဲ့ လူမှုဘ၀ အကျိုးသက်ရောက်မှုတွေကို လေ့လာတင်ပြထားတဲ့ အစီရင်ခံစာကို လားရှိုးမြို့New Palace ဟိုတယ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပွဲပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။
2015-12-30
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်က နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေ နှစ်စဉ် ဥပုဒ်စောင့်ရာ ဂူ ဖြစ်တဲ့ "တနန်းလော့" သဘာဝ လှိုဏ်ဂူဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် လှိုဏ်ဂူတစ်ခုဖြစ်ပေမယ့် ဒီဂူကို သွားရောက်လည်ပတ်ဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပါတယ်။
2015-12-30
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ် သမား လူငယ်နှစ်ဦးကို မုဒိမ်းမှု၊ လူသတ်မှု စွဲချက်တွေနဲ့ သေဒဏ်ချမှတ်လိုက်လို့ မြန်မာနိုင်ငံတွင်းမှာ မကျေမနပ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပေမယ့် ၊ မြန်မာ့လေကြောင်းလိုင်း MAI ရဲ့ ရန်ကုန်နဲ့ ဘန်ကောက် ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်း ပဲရှိနေမှာ ဖြစ်ကြောင်း MAI က ပြောပါတယ်။
2015-12-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင် သတင်းစာတွေဆိုတာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် သူတို့အစိုးရလက်ထက်မှာ ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောဆို လိုက်ပါတယ်။
2015-12-30
မြန်မာကာတွန်း နှစ်တစ်ရာပြည့် အခမ်း အနားကို တစ်နိုင်ငံလုံးက ကာတွန်း ဆရာတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
2015-12-30
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကို လွှတ်တော်သက်တမ်းနဲ့အညီ မဟုတ်ဘဲ နိုင်ငံတော်သမ္မတရဲ့သက်တမ်းအတိုင်းထားရှိဖို့ ပြင်ဆင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကြမ်းကို ဥပဒေ ကြမ်းကော်မတီက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်း လိုက်ပါတယ်။
2015-12-30
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကောင် အထည်ဖော်မယ့် အံဒင်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံတွေရဲ့ သဘော တူညီမှု မရရှိသေးမီကာလအတွင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ စူးစမ်းလေ့လာတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထား မှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။
2015-12-30
ရန်ကုန်မြို့တော် စည်ပင်သာယာဌာနက မီးသဂြုႋဟ်စရိတ်တွေ တိုးမြှင့်ကောက်ခံ တဲ့အတွက် နာရေးကူညီမူအသင်းတွေအနေနဲ့ အခက် အခဲတွေ့နိုင်ပြီး၊ တချို့ပိတ်သိမ်းရမယ့် အခြေအနေရှိတယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီး ကွက်က ပြောပါတယ်။
2015-12-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်ဖွဲ့စည်းပြီးရင် တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ ဧကသိန်းနဲ့ချီတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေ ပြန်လည်ရရှိအောင် လုပ်ပေးသွားမယ်လို့ NLD တောင်သူလယ်သမားရေးရာကော်မတီက ပြောပါတယ်။