သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-29
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုချက်တွေဟာ တစ်ဖက်သတ်ဆန်နေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှန်တရားဘက်က ရပ်တည်ဆောင်ရွက်မှာဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။
2018-09-29
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ရတဲ့ မွတ်စလင် ဒုက္ခသည်တွေအနက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုကို သောကြာနေ့က လက်မှတ် ထိုးလိုက်ပါတယ်။
2018-09-29
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိခဲ့မယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ကတိပြုကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း သောကြာနေ့ က ပြောကြားလိုက်ပါတယ်။
2018-09-29
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒီကနေ့ မနက် ၆ နာရီလောက်ကစပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာလယ်နဲ့ မူဆယ်မြို့အထွက် နမ့်အွမ်ကျေးရွာတွေမှာ ငွေကောက်ခံနေတယ်လို့ သိရပါတယ်။
2018-09-29
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို ဒီနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာ လိုက်ပါတယ်။
2018-09-29
မန္တလေးတိုင်းမှာ ရက်ပေါင်း ၉၀ ကြာ စီမံကိန်းတစ်ခုအနေနဲ့ တိုင်းအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ သိန်းငှက်စစ်ဆင်ရေးကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
2018-09-29
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Myanmar Petrol စက်ဆီကုမ္ပဏီတို့ အကျိုးတူစီမံကိန်း ပူးပေါင်းလုပ်ဆောင်မယ့် တောင်ဒဂုံမြို့နယ် ၆၂ ရပ်ကွက် ကြက်ဆူစိုက်ခင်းမြေနေရာက စက်ရုံ၊ အလုပ်ရုံတွေနဲ့ လူနေအိမ် ၂၀၀ ကျော်ကို အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးက ဦးဆောင်ပြီး ဒီနေ့ မနက်အစောပိုင်းက အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
2018-09-29
တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ TNLA က ဖမ်းဆီးထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ် ကို မကြာခင်ရက်ပိုင်းမှာ TNLA တရားစီရင်ရေးအဖွဲ့က စီရင်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။
2018-09-29
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အရေးယူဖို့လုပ်ဆောင်နေတာတွေကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ICC အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုနည်းနဲ့မှ တရား စီရင်ခွင့်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။
2018-09-29
၂၀၁၈ စက်တင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဒေါက်တာ ရင်ရင်နွယ် (ကုလသမဂ္ဂ အရာရှိကြီးဟောင်း၊ ရခိုင်ကော်မရှင်အဖွဲ့ဝင်ဟောင်း)၊ ဒေါက်တာ တင်မောင်သန်း (မူဝါဒရေးရာအကြံပေးနဲ့ စာရေးဆရာ)၊ ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးဆောင်းပါးရှင်) နဲ့ ဦးဇေယျသူ (အယ်ဒီတာ၊ သတင်းစာဆရာ) တို့ ဖြစ်ပါတယ်။
2018-09-28
ကုလသမဂ္ဂမှာ မနေ့က ကျင်းပတဲ့ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုမှာ ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီး Adel Al-Jubeir အဒဲလ် အယ် ဂျူးဘဲ ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို ချေမှုန်းခဲ့မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အဲဒီ လူနည်းစု ရိုဟင်ဂျာတွေအနေနဲ့ သူတို့တရားဝင် ရသင့်တဲ့အခွင့်အရေးတွေ ရရှိဖို့ ဆော်ဒီအာရေးဗီး ယားနိုင်ငံက ဆက်လက်ကူညီထောက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
2018-09-28
မလေးရှားဝန်ကြီးချုပ် Mahathir Mohamad မဟာသီယာ မိုဟာမက်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် မြန်မာအစိုးရကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သောကြာနေ့ မနေ့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
2018-09-28
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muller အာဆူလာ မြူးလာက မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ရတဲ့ ပြဿနာကို တိတိကျကျ ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
2018-09-28
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Ponpeo မိုက် ပွန်ပေးယိုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုးကူညီမှာဖြစ်ကြောင်း အလေးအနက်ပြောကြားရင်းနဲ့ တပြိုင်နက်မှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိကျခိုင်မာစွာ အရေးယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2018-09-28
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ နာမည်ကျော် အမေရိကန် လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ အမားလ်ကလွန်းနီက ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။