ဒုက္ခသည်ပြဿနာ ထိရောက်စွာ အရေးယူမှုမရှိဟု ကုလ ထိပ်တန်းအရာရှိ ပြောကြား


2018.09.28
ursula-mueller-622.jpg ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muller ကို တွေ့ရစဉ်
Photo: Ursula Mueller - Twitter

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muller အာဆူလာ မြူးလာက မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ရတဲ့ ပြဿနာကို တိတိကျကျ ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာအစိုးရက အခုလိုပြုမူနေတဲ့အတွက် အဲဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည်အခြေချနေထိုင်ရေးအတွက် သင့်တော်တဲ့ အခြေအနေမဟုတ်ပါဘူးလို့လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ သူမက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် သက်ဆိုင်ရာဒေသမှာ လိုအပ် ချက်တွေပြည့်စုံအောင် အမြန်ဆုံးလုပ်ဆောင်ပြီး လက်တွေ့ပြဖို့လိုပါတယ်၊ အခုဆိုရင် ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံမဲ့လူသားတွေဖြစ်နေပါပြီလို့လည်း ပြောပါတယ်။

အဲဒီ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့အတွက်  အလှူရှင်နိုင်ငံတွေထံကနေ လိုအပ်ငွေရဲ့ ၃၈% ကိုပဲ အခုအချိန်ထိ ရရှိသေးတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Muller အာဆူလာ မြူးလာက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။