သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-30
မတ်လ ၃ဝရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ခံမယ့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တပြိုင်နက်တည်း စတင်ကောက်ယူနေပြီ လို့ အစိုးရမီဒီယာက ဒီနေ့ ကြေညာလိုက်ပါတယ်။
2014-03-29
စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန် ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ် စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာဝန်ထမ်းတွေနဲ့ အရပ်သားတချို့ခေါ်လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။
2014-03-29
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝိတိုရိယဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံနေရပါတယ်။
2014-03-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ အကူ အညီပေးရေးအဖွဲ့ INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ ဖျက်ဆီးခဲ့ကြသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက် ပါတယ်။
2014-03-29
၂ဝ၁၄ သန်းခေါင်စာရင်း ပုံစံမှာ ရေးသွင်း တဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မြန်မာအစိုးရက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။
2014-03-29
၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျားဖြူ ပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ရှမ်းပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ် ၄ နေရာနဲ့ ကချင်ပြည်နယ်မှာ လစ်လပ်မဲဆန္ဒနယ် ၂ နေရာ စုစုပေါင်း ၆ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2014-03-29
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင် ငံရေးဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-03-29
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာမှာ လယ်မြေတွေကို ခြံစည်းရုံးလာခတ်တဲ့ ကုမ္ပဏီက အလုပ်သမားတွေနဲ့ လယ်ပိုင်ရှင်တွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-03-29
၂ဝ၁၄ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပထမအကြိမ်လွှတ်တော် အစည်းအဝေးတွေရဲ့ နဝမအကြိမ်မြောက် အစည်းအဝေးတွေ မတ်လ ၂၆ ရက်နေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်းအဝေးတွေမှာ ဘာတွေ ထူးခြားတိုးတက်မှု ရှိခဲ့ပါသလဲ...။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2014-03-29
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးတိုင်း ပွင့်ဖြူမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတ
2014-03-29
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲမြို့မှာ ခမရ (၄၂၂) က တပ်စခန်းလုံခြုံရေး အကြောင်းပြချက်နဲ့သိမ်းဆည်းထားတဲ့ မြေဧက ၇ ရာကျော်ကို ပြန်ပေးဖို့ ဒေသခံလယ်သမားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-03-29
အစိုးရက လာမယ့်ဧပြီလ ၁ ရက်နေ့က စပြီး လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံမယ်လို့ ကြေညာလိုက်တဲ့အတွက် မီတာခတွေ တိုးမကောက်ဖို့ မနေ့ညက မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြသူတွေထဲက ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-03-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ NGO တွေ ရုံးစိုက်တဲ့နေအိမ်တွေကို ဒေသခံလူအုပ်စုက အကြမ်းဖက်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2014-03-29
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လျှောက်ထားဆဲ မူဆလင်နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ်တာဟေရ် (ခေါ်) ဦးသာအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-29
စစ်တွေမြို့အခြေစိုက် NGO / INGO ရုံးတွေပိတ်ပြီး၊ နိုင်ငံခြားသားဝန်ထမ်းတွေ ရန်ကုန်ကိုမနေ့က ပြန်သွားကြတဲ့အကြောင်းနဲ့ စစ်တွေမြို့ရဲ့ ဒီမနက်ထိအခြေအနေကို ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအောင်မြကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။