မြို့တော်ခန်းမရှေ့က သပိတ်စခန်း ဖြိုခွဲခံရ
2014.03.29

Photo: RFA
စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန်ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ အရပ်သား တချို့ခေါ်လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။
အလားတူ ဝါဝါဝင်းကုမ္ပဏီက မြေသိမ်းထားတာကို သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ယာအနီးက သပိတ်စခန်းရဲ့ အမိုးအကာတွေကိုလဲ ဒီမနက်အစောပိုင်းမှာပဲ အာဏာပိုင်တွေက ဝင်ရောက်ဖျက်သိမ်းလိုက်ပါတယ်။
မြို့တော်ခန်းမရှေ့က မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းဖျက်သိမ်းခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။