စစ်တွေမြို့က NGO ရုံးတွေ တိုက်ခိုက်မှု
2014.03.29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ NGO တွေ ရုံးစိုက်တဲ့နေအိမ်တွေကို ဒေသခံလူအုပ်စုက အကြမ်းဖက်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။