သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-27
ဆန္ဒပြနေတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးပြီးနောက် ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာတွေ မန္တလေးမြို့မှာ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
2021-02-27
ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် တော်တော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်ခတ်တာ၊ မျက်ရည်ယိုဗုံးတွေပါ အသုံးပြုခဲ့တဲ့ ဒီဖြိုခွင်းမှုအတွင်း သတင်းထောက်တွေအပါအဝင် ရာနဲ့ချီပြီးလည်း ဖမ်းဆီးခံထားရပါတယ်။
2021-02-27
ရန်ကုန်မြို့ စမ်းချောင်းဗဟိုလမ်းနဲ့ မအူပင်လမ်းထောင့်မှာ ရပ်ကွက်နေပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးခိုးဗုံးတွေ၊ အသံမိုင်းတွေနဲ့ ပစ်ဖောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
2021-02-27
စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် အလှူရှင်တွေ လှူဒါန်းမှုကနေ ရရှိထားတဲ့ ဆေးရုံသုံးပစ္စည်းတွေကို မြို့ခံတစ်ဦး အိမ်မှာ အခုလ ၂၀ ရက်နေ့က ရွှေ့ပြောင်းထားရှိထားတာကို မနေ့က တပ်နဲ့ ရဲက လာရောက်ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-02-27
စစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြသူတွေ အဓိက စုဝေးရာ စုရပ်တွေဖြစ်တဲ့ ရန်ကုန်မြို့ မြေနီကုန်းနဲ့ လှည်းတန်းမှာ ဒီနေ့ မနက်ပိုင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ စုဝေးလို့မရအောင် အင်အားအများအပြားနဲ့ တားမြစ်ခဲ့ပြီး မျက်ရည်ယို ဗုံးတွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ပါတယ်။
2021-02-27
ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ မုံရွာ၊ မန္တလေး မြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာတွေ တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြသူတွေ စုဝေးလို့မရအောင် စုရပ်တွေမှာ မျက်ရည်ယိုဗုံးသုံး လူစုခွဲတာတွေ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။
2021-02-27
ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့မနက် ၉ နာရီလောက်က ဆန္ဒပြဖို့ လူစုနေစဉ် လူအုပ်ကြီးစုစည်းလို့မရအောင် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေပစ်ပြီး အကြမ်းဖက် ဖြိုခွဲနေပါတယ်။
2021-02-26
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေတဲ့ မျိုးဆက်သစ်တွေရဲ့ လှုပ်ရှားမှုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ချီးကျူးလိုက်ပါတယ်။ မြန်မာသံတမန်တွေထဲမှာ ပြည်သူ့ဆန္ဒအတိုင်း ပထမဆုံးရပ်တည်လိုက်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြည်သူတွေ စည်းလုံးညီညွတ်ဖို့ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။
2021-02-26
စစ်အာဏာသိမ်းပြီး ဒုတိယမြောက်သီတင်းပတ်လောက်ကစပြီး စစ်တပ်ကို ထောက်ခံကြောင်း တန်ပြန်အင်အားပြတဲ့ပွဲတွေကို ကြိုကြားကြိုကြားတွေ့လာ ရပါတယ်။ အဲဒီလိုအင်အားပြသူတွေကို လူထုက တားဆီး မေးမြန်းတဲ့အခါ အကြောင်းပြချက် အမျိုးမျိုးပေးကြပေမဲ့ စစ်တပ်နဲ့ တပ်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက ခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့ အဖြေကတော့ အတူတူပဲဖြစ်ပါတယ်။
2021-02-26
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒ္ဒပြတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုး အကြမ်းဖက် နှိမ်နှင်းတာတွေ ရှိနေပေမယ့် အဆုံးမှာတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကပဲ အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Mr Tom Andrew က ပြောလိုက်ပါတယ်။
2021-02-26
တောင်ကိုရီးယားလွှတ်တော်မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ မြန်မာ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဂျပန်လွှတ်တော် အမတ်တွေကလည်း မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားမယ်လို့ ဒီရက်ပိုင်းအတွင်း ပြောဆိုခဲ့ပါတယ်။
2021-02-26
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူတွေ နေရပ်ပြန်နိုင်ရေးနဲ့ မိုင်းရှင်းလင်းရေး ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါ တယ်။
2021-02-26
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအဖမ်းခံရတဲ့ ကိုမင်းသားကြီး ခေါ် ဦးသိန်းစိုးဦးရဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို အရပ်ဝတ်နဲ့ လူ သုံးယောက်က မနေ့ညနေပိုင်းမှာ ဖမ်းဆီးသွားပါတယ်။
2021-02-26
စစ်အာဏာသိမ်းဆန့်ကျင်ရေး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဆန္ဒပြပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ရောက် ပါဝင်ခဲ့ပါတယ်။