စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူရဲ့ဇနီး ထပ်မံ အဖမ်းခံရ

2021.02.26
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူရဲ့ဇနီး ထပ်မံ အဖမ်းခံရ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအဖမ်းခံခဲ့ရတဲ့ ကိုမင်းသားကြီး ခေါ် ဦးသိန်းစိုးဦး။
Photo: Wint Theingi Soe/Facebook

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအဖမ်းခံရတဲ့ ကိုမင်းသားကြီး ခေါ် ဦးသိန်းစိုးဦးရဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်း ကို အရပ်ဝတ်နဲ့ လူ သုံးယောက်က မနေ့ညနေပိုင်းမှာ ဖမ်းဆီးသွားပါတယ်။

ပုသိမ်မြို့ ရှင်ဘုန်းပွင့်ဘုရားနားမှာ စီးလာတဲ့ဆိုင်ကယ်ကို ကားနဲ့ပိတ်ရပ်ပြီး အရပ်ဝတ်ယောကျာၤး ၃ ယောက်က ဖမ်းဆီးသွားတာလို့ သူတို့ရဲ့သမီးဖြစ်သူ မဝင့်သိင်္ဂီစိုးက ပြောပါတယ်။ ဖမ်းဆီးသွားတဲ့ ကားနံပါတ် ကို ဓာတ်ပုံရိုက်ယူလိုက်နိုင်တယ်လို့လည်း ပြောပါတယ်။

ကိုမင်းသားကြီး အပါအဝင် ဖမ်းဆီးခံရသူတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅ နဲ့စွဲဆိုထားပြီး သူတို့ထဲကတချို့ကို ဗီဒီယိုအွန်လိုင်း စနစ်နဲ့ မနေ့က ရုံးထုတ်စစ်ဆေးတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီနေ့အထိ စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြမှုကြောင့် ပုသိမ်မြို့မှာ ဖမ်းဆီးခံရသူ (၇) ဦး ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-26 21:20

We fight for democracy and human right