သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-29
PTTEP ကုမ္ပဏီက စစ်ကောင်စီဆီကနေ လစဉ် ဒေါ်လာသန်းပေါင်းများစွာနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူနေတာရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာပါ။
2022-11-29
MNDAA က ထုတ်ပြန်တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုမှာ နှစ်ဘက်အပြန်အလှန် တရစပ် အပြင်းအထန် ပစ်ခတ်နေတာ တွေ့ရပါတယ်။
2022-11-29
ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ ရိုဟင်ဂျာကျောင်းသားတွေဟာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ ဥပဒေပညာလို အသက်မွေး ဝမ်းကျောင်း ဘာသာရပ်တွေ သင်ကြားခွင့် အခုထိ ပိတ်ပင်ခံထားရတယ်။
2022-11-29
မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနဲ့ ဂွေးဂုဏ်ရွာက နေအိမ် ၁၃၂ လုံးကို နိုဝင်ဘာလ ၂၈ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့သွားပါတယ်။
2022-11-29
ခရမ်းမြို့ပေါ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပြီး အခု နိုဝင်ဘာလထဲမှာတော့ ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၅၃) အုပ်စုလုံးကို ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
2022-11-29
ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက မူလစွဲထားတဲ့ ပုဒ်မသုံးခုအပြင် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖောက်ဖျက်မှု ပုဒ်မ- ၁၃၀ (က) တစ်ခုတည်းကိုပဲ အမှုနှစ်ခုဖွင့်ပြီး ထပ်မံတရားစွဲလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-11-29
ညောင်ပင်သာရွာဟာ အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်သလို ကံသာကုန်းကတော့ အိမ်ခြေ ၁၅၀ ခန့် ရှိပြီး လက်ရှိမှာ ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ဆုံးရှုံးတယ် ဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
2022-11-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ- ၁၂၂ နဲ့ လားရှိုးထောင်တွင်း တရားရုံးကနေ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ထောင် အနှစ် ၂၀ ထပ်ချလိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2022-11-29
နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၆,၀၀၀ နီးပါးမှာ သတင်းထောက် လေးဦးသာ ပါဝင်ပါတယ်။ သူတို့အားလုံး နိုင်ငံရေး ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ဖို့ လပိုင်း၊ ရက်ပိုင်းသာလိုတော့တဲ့သူတွေ ဖြစ်ပါတယ်။
2022-11-29
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ နိုဝင်ဘာလ ၂၈ ရက် မနေ့မနက်ပိုင်းက ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-29
သူတို့အားလုံးဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်ဆန့်ကျင်မှုတွေ မြင့်တက်လာတဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီ့နောက် ကလေးအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပြီး တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ -၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ - ၅၀ (ည) တို့နဲ့ တရားစွဲခံခဲ့ရပါတယ်။
2022-11-29
ထောက်ပံ့မှုကို ပြည်တွင်းက အထိအခိုက်လွယ်သူတွေ၊ ပဋိပက္ခဒဏ်ခံနေရသူတွေကို မြန်မာနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတစ်ဆင့် ပံ့ပိုးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
2022-11-29
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၁၂ ရွာက နေအိမ် ၇၇၇ လုံးမီးရှို့ဖျက်ဆီးခဲ့ရပြီး အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-11-28
ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပလက်ဝဘက်ကတော့ ထိန်းချုပ်နယ်မြေတွေကို NUG ကကြေညာတာဟာ မြေပြင်မှာ လက်နက်နဲ့လိုအပ်ချက်တွေရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထိခိုက်မှုတွေများလာလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
2022-11-28
စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တွေက ဒီဂိတ်ကိုဖြတ်ပြီး ရန်ကုန်ဘက်ကို လက်နက်တွေသယ်နေတာကြောင့် တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။