သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-30
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းက နန်စီပွန်ချောင်းကူးကြိုးတံတားကို ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်ရေးလုပ်ငန်းမှာ မလွတ်ကင်းတဲ့နေအိမ် အလုံး ၃၀ ကျော်ကို ရွှေ့ပြောင်းပေးဖို့ ဒေသအာဏာပိုင်တွေက အသိပေးထားပြီး အဲဒီနေအိမ်တွေမှာ နေထိုင်နေကြသူတွေက မရွှေ့ပြောင်းလိုကြောင်း ပြောကြပါတယ်။
2018-11-30
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက် ဘာသာကြီး တစ်ခုက ဇနီး ၃ / ၄ ယောက်ယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့စကားအသုံး အနှုန်းကြောင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက ကန့်ကွက် လိုက်ကြပြီး ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။
2018-11-29
အိန္ဒိယ မြန်မာ ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီးကို လာမယ့် ၂ နှစ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာအတွင်းဝန် အနူရတ် ဘူရှန်း က ပြောပါတယ်။
2018-11-29
ရိုဟင်ဂျာဒုက္ခသည်တွေအရေး မြန်မာနိုင်ငံကိုဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2018-11-29
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်မှာ မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
2018-11-29
ကွယ်လွန်သူ သတင်းစာဆရာ- စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ၁ဝ၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2018-11-29
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတွေက တစ်သျှူးငှက်ပျော ကျယ်ကျယ်ပြန့်ပြန့် လာရောက် စိုက်ပျိုးပြီး ပြည်ပတင်ပို့နေတာတွေကို အစိုးရက စနစ်တကျကြီးကြပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးဝေလင်းက ပြည်နယ်လွှတ်တော်မှာ ဒီနေ့ လာရောက်ဖြေကြားခဲ့ပါတယ်။
2018-11-29
သမဝါယမအသင်းတွေရဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ လစဉ်နှစ်စဉ် ဝင်ငွေထွက်ငွေ၊ အသင်းပိုင်ဆိုင်ခန်းတွေတိုက်ခန်းတွေ ငှားရမ်းထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မြို့နယ်လေးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော် အထူး အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2018-11-29
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်တိုင်ကြားမှု ၊ လုပ်ငန်းတွေမပြီးပြတ်မှု… စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပြည်နယ်အစိုးရက နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
2018-11-29
အစိုးရလက်အောက်ခံ သမဝါယမအသင်းဟာ နှစ်စဉ် အစိုးရထံက ရန်ပုံငွေတွေ တောင်းခံနေပေ မယ့် သမဝါယမလုပ်ငန်း လုပ်ငန်းလုပ်ကိုင်တာ မတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဒီနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
2018-11-29
ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေးတာဝန်ယူပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ချ ထားပေးရေးအတွက် ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဒီနေ့ ကျောင်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-11-29
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတွေက တစ်သျှူးငှက်ပျော ကျယ်ကျယ်ပြန့်ပြန့် လာရောက်စိုက်ပျိုးနေတာ၊ ပြည်ပပို့နေတာကို အစိုးရက စနစ်တကျ ကြီးကြပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဦးဝေလင်းက ဒီနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ပါတယ်။
2018-11-29
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ၁၀၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2018-11-29
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော်ဘုရားကြီးရဲ့ ဈာပန အခမ်းအနားတက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားရာမှာ "အစွန်းရောက် ဘာသာတရားတစ်ခု" လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ကန့်ကွက်ကြောင်း ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2018-11-29
တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးမှာ ဒီနေ့မနက်က ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။