သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-29
အမြင့်ဆုံးဆုမဲ ကျပ်သိန်း တစ်သောင်းခွဲရရှိမယ့် မြန်မာ့အောင်ဘာလေထီ တစ်စောင်ကို ငွေတစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချဖို့ အစိုးရက သတ်မှတ်ထားပေမယ့် ရောင်းချသူတွေက ထီတစ်စောင်ကို အနည်းဆုံး ၁၁၀၀ ကနေ အများဆုံး ၁၃၀၀ အထိ ရောင်းနေပါတယ်။
2021-01-29
အာဆီယံနိုင်ငံတွေကြား ပလတ်စတစ်စွန့်ပစ်မှု အများဆုံးထဲ ပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီပြဿနာကို ဖြေရှင်းဖို့ Clean Yangon အဖွဲ့က ကြိုးပမ်းနေပါတယ်။ ဒီလို ကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ ပလတ်စတစ်နဲ့လုပ်ထားတဲ့ Eco Brick တွေကို သုံးပြီး အများပြည်သူ အကျိုးပြု စာကြည့်တိုက်လေးတစ်လုံး တည်ဆောက်နေတာပါ။
2021-01-29
လတ်တလော မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို အမြန်ဆုံးခေါ်ယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2021-01-29
ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အချိန် ၂ နှစ်တာကာလအတွင်း စစ်ပွဲတွေရဲ့ဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ဒီနေ့အထိ ခါးစည်းခံနေကြရဆဲဖြစ်ပါတယ်။
2021-01-29
ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံနေရတဲ့ သူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ဇန်နဝါရီလ ၂၈ရက်နေ့က ပြန်ပို့ပေးခဲ့ပြီး နောက်ထပ် ၉၇ဦးကို ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က တဆင့်ပြန်ပို့ပေးဖို့ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေ ညှိနှိုင်းနေကြပါတယ်။
2021-01-29
တပ်မတော်ဘက်က ဘာလိုချင်တာဆိုတာကို တိတိကျကျ မပြောနိုင်ဘဲ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲ ပြောနေတာကြောင့် ဖြေရှင်းပေးလို့ မရနိုင်ဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2021-01-29
နိုင်ငံရေးအခြေအနေတင်းမာမှုရဲ့ အဓိကအချက်ဖြစ်တဲ့ မဲရလဒ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က တိုင်ကြားထားတဲ့ စာချွန်တော်အမှုကို၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကနဦး ကြားနာစစ်ဆေးခဲ့ပြီး၊ အမှုကို လက်ခံ မခံ နောက်နှစ်ပတ်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
2021-01-29
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ၊ သီပေါနဲ့ နမ့်ဆန်မြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုနဲ့ နယ်မြေ စိုးမိုးမှု ပြဿနာတွေကြားမှာ ဒေသအတွင်းက အရပ်သားတွေ ဖမ်းဆီးခံရတာတွေ များလာပါတယ်။
2021-01-29
တပ်မတော်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ် တွေကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး အာဏာလွှဲပြောင်းရေးဖြစ်စဉ် ချောမွေ့အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-01-29
ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ အခုလ ၁၃ ရက်နေ့အထိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိတဲ့ မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၁၂၉၀ နဲ့ လူဦးရေ ၈၅၈၄၃ ဟာ ကယ်ဆယ်ရေးစခန်း ၁၅၈ ခုမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
2021-01-29
မဲမသမာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဗိုလ်ချုပ် စိုးမောင်ရဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တို့ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုင်ကြားထားတဲ့ အမှုကို တရားလွှတ်တော်ချုပ်က ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စစ်ဆေးကြားနာခဲ့ပြီး အမှုမြောက်မမြောက် နောက်နှစ်ပတ်မှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။
2021-01-29
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ လေးနှစ်မြောက်အခမ်းအနားအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့မှာ ဆုတောင်းပွဲ တွေပြုလုပ်ခဲ့ပါတယ်။
2021-01-29
ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင် ကူးပြောင်းရေးကို ကြန့်ကြာစေမယ့် ကြိုးပမ်းအားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာစောင့်ထိန်းကြဖို့လည်း တပ်မတော်နဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။
2021-01-28
ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်စွပ်စွဲသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ဇန်နဝါရီလ ၂၈ ရက် မနေ့ကကြေညာခဲ့ပါတယ်။ တရက်တည်းမှာပဲ တပ်မတော်က မြန်မာနိုင်ငံ တဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေက လွဲပြီး စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလကုန်အထိ ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
2021-01-28
ပင်လယ်ပြင်က ငါးဖမ်းကျားဖောင်တွေမှာ သွားရောက် အလုပ်လုပ်နေကြသူတွေ သေဆုံးတာတွေ နှိပ်စက်ခံရတဲ့ သတင်းတွေ ကြားသိနေရပါတယ်။