တပ်မတော်ရဲ့ ဖြစ်နိုင်ခြေ စွပ်စွဲချက်ကို ဖြေရှင်းပေးလို့ မရနိုင်ကြောင်း NLD ပြော

စောဖိုးခွား
2021.01.29

တပ်မတော်ဘက်က ဘာလိုချင်တာဆိုတာကို တိတိကျကျ မပြောနိုင်ဘဲ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲ ပြောနေတာကြောင့် ဖြေရှင်းပေးလို့ မရနိုင်ဘူးလို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။

NLD ဘက်ကတော့ ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ထားတဲ့ ပြည်သူတွေရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ သွေဖယ်နေတဲ့တောင်းဆိုချက်တွေကို လိုက်လျောနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ တပ်မတော်ဟာ အင်အားရှိတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် အာဏာသိမ်းနိုင်တဲ့ အခွင့်အရေးရှိသလို NLD ဘက်ကတော့ လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကို အကြမ်းမဖက်နဲ့နည်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA သတင်းထောက် စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။