သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-22
ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး နမ္မတူမြို့နယ်က ပန်လုံကျေးရွာနဲ့ သီပေါမြို့နယ်က မန်လွယ်ကျေးရွာအနီးတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးနားကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ သီပေါမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2016-12-22
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွက် ဘတ်ဂျက်တင်ပြချက် မှာ ပြည်သူတွေအတွက်မဟုတ်ဘဲ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့် တင်းရေးအတွက် အသုံးပြုမှုများနေတယ်လို့ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့ က ဝေဖန်ကြပါတယ်။
2016-12-22
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာအပါအဝင် အနီးနားရွာတချို့မှာ စုန်းအတတ်ကို တစ်ဖက်ကမ်းခတ်သူတွေ ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
2016-12-22
ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေး နောက်ဆုံးနေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သတင်းမီဒီယာသမားတွေ နဲ့ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေး တကြိမ်ရပ်နားတိုင်း လွှတ်တော်ဥက္ကဌက သတင်းမီဒီယာသမားတွေနဲ့ ပုံမှန်တွေ့ဆုံတာ ဖြစ်ပါတယ်။
2016-12-22
တနင်္သာရီတိုင်း မေတ္တာမြို့နယ်ခွဲမှာ ထိုင်းနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီရဲ့ ဟိန္ဒားသတ္တုစီမံကိန်းကြောင့် အနီးအနားက ဒေသခံတွေရဲ့ လယ်ယာမြေတွေပျက်စီးဆုံးရှုံးပြီး မြစ်ချောင်းတွေပါ တိမ်ကောလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတဲ့အကြောင်း ဒေသခံတွေနဲ့ ဒေသခံတွေကို ကိုယ်စားပြုပေးနေတဲ့ ရှေ့နေအဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၂၁ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2016-12-22
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၂ဝ ရက်- မနေ့ကစပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် TNLA အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပန်လုံကျေးရွာနဲ့ အနီးတဝိုက်က ဒေသခံတွေ သီပေါမြို့ပေါ်ကို ထွက်ပြေးလာနေ ကြရပါတယ်။
2016-12-22
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာ အပါအဝင် အနီးအနားရွာတချို့မှာ "စုန်းအတတ်ကို တဖက်ကမ်းခတ်သူတွေ ရှိတယ်" ဆိုပြီး Facebook စာမျက်နှာမှာ ရေးသားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးလှဆွေကို မင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်တန်းထားပါတယ်။
2016-12-22
မကွေးတိုင်းအစိုးရရဲ့ဘတ်ဂျက်မှာ တိုင်းရင်းသားရေးရာအတွက် လျာထားငွေ နည်းပါးလွန်းတယ်လို့ တိုင်းလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်လိုက်ပါတယ်။
2016-12-21
ဥပဒေဆိုတာ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးပြီး အပြစ်မဲ့သူတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာဖြစ်ပါတယ်။
2016-12-21
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် ဘတ်ဂျက် တင်ပြချက်မှာ ပြည်သူတွေ အတွက်မဟုတ်ဘဲ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့်တင်းရေးအတွက် အသုံးပြုမှု များနေတယ်ဆိုပြီး ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စား လှယ်တချို့က ဝေဖန်ခဲ့ကြသလို ငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကို သုံးစွဲခွင့်ခေါင်းစဉ်ပြောင်းပြီး ခွင့်ပြုလိုက် ပါတယ်။
2016-12-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ် ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရားပြတ်တောက်စေပြီး ဒေသခံတိုင်းရင်း သားတွေကို အလိုအလျောက်နေရပ်စွန့်ခွာအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မောင်တောနယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။
2016-12-21
ထိုင်းနိုင်ငံကလာရောက်လုပ်ကိုင်တဲ့ မြန်မာ ပွန်ပီပက်ကုမ္ပဏီရဲ့ ဟိန္ဒားသတ္တုစီမံကိန်း ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီ ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည် ပတ်နေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
2016-12-21
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် ကြောင်လျှာကွင်းရွာအနီးမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေ နယ်မြေအငြင်းပွားမှုကြောင့် မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
2016-12-21
၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ပယ်ချခံရတဲ့ အရေးကြီးအဆိုကို တင်သွင်းဖို့ကြိုးပမ်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးနဲ့၊ အဆို ကို ထောက်ခံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောတို့က သတင်းမီဒီယာတချို့ကို သဘောထား အမြင်တွေ ဖြေကြားခဲ့တာနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
2016-12-21
ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေချိန်မှာ လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်နေတဲ့ ကောလင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။