သီပေါမြို့ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေ အခြေအနေ မေးမြန်းချက်


2016.12.22

ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး နမ္မတူမြို့နယ်က ပန်လုံကျေးရွာနဲ့ သီပေါမြို့နယ်က မန်လွယ်ကျေးရွာအနီးတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးနားကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ သီပေါမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ စောင်တွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ သီပေါမြို့နယ် လူမှုကူညီရေးအဖွဲ့က  ဦးမျိုးမြင့်လွင် က ပြောပါတယ်။
သီပေါမြို့နယ် လူမှုကူညီရေးအဖွဲ့က ဦးမျိုးမြင့်လွင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။