ဟိန္ဒားသတ္တုတွင်းနဲ့ သဘာဝပတ်ဝန်းကျင်


2016.12.22

တနင်္သာရီတိုင်း မေတ္တာမြို့နယ်ခွဲမှာ ထိုင်းနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီရဲ့ ဟိန္ဒားသတ္တုစီမံကိန်းကြောင့် အနီးအနားက ဒေသခံတွေရဲ့ လယ်ယာမြေတွေပျက်စီးဆုံးရှုံးပြီး မြစ်ချောင်းတွေပါ တိမ်ကောလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတဲ့အကြောင်း ဒေသခံတွေနဲ့ ဒေသခံတွေကို ကိုယ်စားပြုပေးနေတဲ့ ရှေ့နေအဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၂၁ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။

ဒေသခံတွေကို ကိုယ်စားပြုပေးနေတဲ့ Dawei Pro Bono Lawyers Network အဖွဲ့ဝင် မအေးမွန်သူ ကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။