ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ဦးဦးလှစော


2016.12.21

၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ပယ်ချခံရတဲ့ အရေးကြီးအဆိုကို တင်သွင်းဖို့ကြိုးပမ်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးနဲ့၊ အဆိုကို ထောက် ခံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောတို့က သတင်းမီဒီယာတချို့ကို သဘောထားအမြင်တွေ ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတိပေးလိုက် ပါတယ်။

သူတို့နှစ်ဦးရဲ့ ဖြေကြားချက်တွေဟာ လွှတ်တော်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး သတိပေးလိုက်တာဖြစ်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။