သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-19
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သေဘေးနဲ့ ရင်ဆိုင်ရပြီး အမျိုးသမီးနဲ့ကလေးတွေ အများဆုံး သေဆုံးရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။
2021-08-19
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူစုလူဝေးထိန်းချုပ်မှုဆိုင်ရာ သင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ ခေတ်မီ ရဲတပ်ဖွဲ့ ဖြစ်ပေါ်လာရေးတွေအတွက် ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ ဆန္ဒပြပွဲတွေကို ပစ်ခတ် ဖြိုခွဲခဲ့ကြသူတွေထဲမှာ အဲဒီသင်တန်း တက်ခဲ့ကြသူတွေလည်း ပါဝင်နေကြောင်း သတင်းတချို့မှာ ဖော်ပြပါတယ်။ အီးယူကလည်း အဲဒီသင်တန်းတွေကို ဆိုင်းငံ့လိုက်ပါတယ်။
2021-08-19
မြန်မာ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC မှာ ရုံးတင် စစ်ဆေးပြီး အရေးယူနိုင်ဖို့အတွက် (NUG) အမျိုးသားညီညွတ်ရေး အစိုးရဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး Rome Statue စာချုပ်ကို လက်မှတ်ရေးထိုးဖို့ လုပ်ဆောင်နေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2021-08-19
ပြီးခဲ့တဲ့သြဂုတ်လ ၁၄ ရက်နေ့ကနေစပြီး မင်းတပ်မြို့ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ တိုက်ပွဲ လေးရက်တာအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး အယောက် ၂၀ သေဆုံးပြီး တစ်ဦး ဖမ်းဆီးမိထားတယ်လို့ မင်းတပ် CDF က ပြောပါတယ်။
2021-08-19
ထားဝယ်မြို့မှာ သြဂုတ်လ ၁၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေး ပိုမိုတင်းကျပ်ပြီး အသွားအလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-08-19
ကိုဗစ်ကပ်ရောဂါကာလအတွင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို ပိတ်ထား တာကြောင့် တရုတ်နိုင်ငံထဲ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တွေ နေရပ်ကိုတရားဝင်ပြန်လာဖို့ အခက် တွေ့နေပါတယ်။ တရုတ်နိုင်ငံထဲမှာလည်း ကိုဗစ်ရောဂါစစ်ဆေးမှုကြောင့် မြန်မာနိုင်ငံသားတွေ ကိုဗစ်စောင့်ကြည့်ရေးစင်တာတွေမှာ ငွေပေးပြီးနေနေရပါတယ်။
2021-08-19
၂ဝဝ၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ရေး ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တင်ဖို့ကိစ္စမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လုပ်ဆောင်နိုင်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။
2021-08-19
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အချိန်ခုနစ်လနီးပါး ကြာလာတဲ့အထိ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးသလို ပြည်သူတွေ ဘက်ကလည်း သူတို့ရဲ့ အပ်ငွေတွေအတွက် စိုးရိမ်နေရ ဆဲဖြစ်ပါတယ်။ စီးပွားလုပ်ငန်းရှင်တွေနဲ့ လေ့လာသူ အချို့ကတော့ စစ်ကောင်စီအနေနဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေကို နိုင်ငံရေးအတွက် အသုံးချနေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။
2021-08-19
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ရွာက အသက် ၃၀ အရွယ် ကိုသက်နိုင်ဦးဟာ ဩဂုတ်လ ၁၈ ရက် မနေ့ညပိုင်းက ဖမ်းဆီးခံရပြီးတဲ့နောက် ဒီကနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာတော့ ကျေးရွာသင်္ချိုင်းကို ရုပ်အလောင်းအဖြစ်သာ စစ်တပ်က ပြန်ပို့ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး အပါအဝင် လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာကနေ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ကြေညာခဲ့ပါတယ်။
2021-08-19
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
2021-08-19
မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ အနီးက ၄၄ ဓမ္မာရုံမှာ သြဂုတ်လ ၁၉ ရက် ဒီနေ့မှာ ဧည့်စာရင်းတိုင်ကြားမှုတွေ ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-19
မကွေးတိုင်း ဂန့်ဂေါကနေ ကလေးမြို့ကို သွားနေတဲ့ စစ်ကားအစီး ၄၀ ပါ ယာဉ်တန်း ကို ယောဒေသကာကွယ်ရေး တပ်ဖွဲ့ (YDF) က ဩဂုတ်လ ၁၈ ရက် မနေ့ညနေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ YDF အဖွဲ့က အမည်မဖော်လိုတဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
2021-08-18
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ လူသားချင်းစာနာမှု ပြဿနာတွေ နေ့စဉ်နဲ့အမျှ ပိုဆိုးလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရဖို့ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ချက်ချင်း ဝင်ရောက် ခွင့်ပြုဖို့ကိုလည်း တံခါးပိတ်ဆွေးနွေးပွဲအပြီးမှာ ဗြိတိန်သံအမတ်ကြီးက တိုက်တွန်းသွာပါတယ်။
2021-08-18
စစ်အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သား တစ်ထောင်ကျော် သေဆုံးရပါတယ်။ ဒါဟာ အတည်ပြုနိုင်တဲ့စာရင်းပဲ ဖြစ်ပြီး အမှန်စာရင်းက ဒီထက်များနိုင်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။