သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-21
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-04-21
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ဧပြီလ ၂ဝ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
2018-04-21
ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အမှုမှာ ပါဝင်နေသူ ဒု ရဲမှူး မိုးရန်နိုင် ကို သတင်းထောက် တွေက မေးမြန်းစဉ်မှာ ဒီအမှုဟာ ထောင်ဖမ်းတဲ့အမှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
2018-04-21
ဧပြီလ ၂၂ ရက်ဟာ နိုင်ငံတကာ မိခင်မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတယ် ဆိုတဲ့ မြန်မာနိုင်ငံဟာ တကယ်တမ်းတော့ သယံဇာတကျိန်စာသင့်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
2018-04-21
မြန်မာနိုင်ငံရဲ့ Facebook လူမှုကွန်ရက်မှာ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို နိုင်နိုင် နင်းနင်း ကိုင်တွယ်ထိန်းချုပ်ဖို့ အရှိန်မြှင့်အားထုတ်ဆောင်ရွက်ပါမယ်လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zukerberg က အမေရိကန်လွှတ်တော်မှာ ပြောဆိုသလို သူ့ဆီအိပ်ဖွင့်ပေးစာပို့ခဲ့တဲ့ မြန်မာလူမှုအဖွဲ့အစည်း ၆ ခုဆီ ကိုယ်တိုင်စာပြန်ပြောကြားခဲ့ပါတယ်။
2018-04-21
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က အမှန်တရားကို ထုတ်ဖော်ပြောလိုက်တဲ့အပေါ် တန်ဖိုးထား လေးစားအသိအမှတ်ပြုတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
2018-04-21
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်း တရားလိုပြသက်သေ ဒု ရဲမှူး မိုးရန်နိုင်က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
2018-04-21
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို တပ်မတော်နဲ့ ကချင်ပြည်နယ်အစိုးရက မိမိနေထိုင်ရာကို ပြန်လာကြဖို့ ပြောထားပေမယ့်လည်း ဒေသခံတွေ ပြန်မလာရဲကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်အဖွဲ့က ပြောပါတယ်။
2018-04-21
ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား ( National Verification Card - NVC) ကတ် ကိုင်ဆိုင်ထားသူတွေကို တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့် ပြုထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မနေ့က ရန်ကုန်မြို့ NRPC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
2018-04-21
ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်လွှတ်တော်နှစ်ရပ်မှာ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ် ကြားနာစစ်ဆေးခံခဲ့စဉ်က မြန်မာနိုင်ငံတွင်း ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးမယ့်ကိစ္စ ၃ ရပ်ကို အကောင်အထည်ဖော်ဖြစ်အောင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်တွန်းအားပေးသွားမယ်လို့ ဖေ့စ်ဘွတ်ကို အိပ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံ ကိုမြတ်သူက ပြောပါတယ်။
2018-04-21
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အစိုးရက တာဝန်ရှိသူတချို့ကို အရေးယူခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုအများအပြား ဆက်လက်ပေါ်ပေါက်နေဆဲပဲလို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
2018-04-21
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေနဲ့ မြန်မာနိုင်ငံကို တောင်းပန်ပြီး ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန အာဆီယမ်ရေးရာ ဒုတိယဝန်ကြီး Maria Hellen dela Vega က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
2018-04-21
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လျှို့ဝှက်စာရွက်စာတမ်းတွေပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးခဲ့ကြောင်း ဒု ရဲမှူး မိုးရန်နိုင်က တရားရုံးမှာ မနေ့က ထွက်ဆိုခဲ့တဲ့အတွက် အမှန်တရားပေါ်ပေါက်လာပြီ ဖြစ်တာကြောင့် ဒီအမှုကို ရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာ သတင်းဌာန ဥက္ကဋ္ဌနဲ့ အယ်ဒီတာချုပ် Stephen Adler စတီဖန် အက်ဒ်လာ က ပြောကြားလိုက်ပါတယ်။
2018-04-20
မဲခေါင်မြစ်ကော်မရှင် အစီရင်ခံစာအရ... သက္ကရာဇ် ၂ဝ၄ဝ အရောက်မှာ မဲခေါင်မြစ်ထဲက ငါးသယံဇာတ တန်ချိန်ကိုးသိန်း ထက်မနည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိရပါတယ်။
2018-04-20
ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ဟနွိုင်းမြို့မှာ အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ရှန်ဖွတ်တို့ သဘောတူညီလိုက်ကြပါတယ်။