သက္ကယ်ပြင်စခန်းက ဦးတင်လှိုင်နဲ့ NVC ကတ်အကြောင်း မေးမြန်းချက်
2018.04.21
ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား ( National Verification Card - NVC) ကတ် ကိုင်ဆိုင်ထားသူတွေကို တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့် ပြုထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မနေ့က ရန်ကုန်မြို့ NRPC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နေရသူတွေကတော့ အဲဒီအကြောင်းကို ဘယ်သူကမှ လာရောက်အသိပေးတာမျိုးမရှိသေးဘဲ သတင်းမီဒီယာတွေမှာဖော်ပြမှသာ သိရတာဖြစ်ပြီးတကယ်လို့ သွားလာခွင့်ပြုခဲ့ရင်လည်း ဘယ်သူမှမသွားရဲဘူးလို့ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင်စခန်းမှာနေထိုင်တဲ့ ဦးတင်လှိုင် က ပြောပါတယ်။
ဦးတင်လှိုင် ကို RFA သတင်ထောက် ကိုသန့်ဇင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။