ရိုက်တာသတင်းထောက်တွေအမှု ဦးရောဘတ်စန်းအောင် နဲ့ မေးမြန်းချက်
2018.04.21
ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အမှုမှာ ပါဝင်နေသူ ဒု ရဲမှူး မိုးရန်နိုင် ကို သတင်းထောက်တွေက မေးမြန်းစဉ်မှာ ဒီအမှုဟာ ထောင်ဖမ်းတဲ့အမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီအမှုမှာ နောက်ကွယ်က စေခိုင်းသူကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်းဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။
ဦးရောဘတ်စန်းအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။