သတင်းထောက်နှစ်ဦး ထောင်ချောက်ဆင်ဖမ်းဆီးခံရမှု ရှေ့နေနဲ့ မေးမြန်းချက်
2018.04.21
အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်း တရားလိုပြသက်သေ ဒု ရဲမှူး မိုးရန်နိုင်က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီထွက်ဆိုချက်ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် ကြေညာပေးဖို့ ဥပဒေအရာရှိက လျှောက်ထားကြောင်းလည်း သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။