သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-24
မန္တလေး ချမ်းအေးသာစံမြို့နယ်က မင်္ဂလာဈေးမှာ မနေ့ညက မီးလောင် ကျွမ်းမှုကြောင့် လူနေအိမ်ခန်း ၊ ဆိုင်ခန်းနဲ့ ရုံးခန်းပေါင်း ၃ ရာနီးပါး မီးထဲ ပါသွားခဲ့ ပါတယ်။
2016-03-24
ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ် အီနိုင်းကျေးရွာက လီဆူတိုင်းရင်းသား ဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေပြီး သောက်သုံးရေတွေလည်း လိုအပ်နေပါတယ်။
2016-03-24
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ သုံးသပ်ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ရန်ကုန်မြို့ Excel Treasure Hotel မှာ ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-03-23
ကွယ်လွန်သူ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁၄ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဆရာကြီးရဲ့ဂူဗိမာန်မှာ မတ်လ ၂၃ ရက်နေ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-03-23
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ဖွဲ့စည်းတဲ့ ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို ဂုဏ်ပြုတဲ့ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီနေ့ ပြု လုပ်ခဲ့ပါတယ်။
2016-03-23
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းက လူသတ်မှု အတွက် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် အယူခံဝင်ခွင့်သက်တမ်းတိုးပေးဖို့ သူတို့ရှေ့နေတွေက မနေ့က တင်သွင်းလိုက်ကြပါတယ်။
2016-03-23
မြန်မာနိုင်ငံမှာတာဝန်ကျတဲ့ သံတမန် အဖွဲ့အစည်းတွေအနေနဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေစာရင်းဖွင်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီလို့ မနေ့က ကြေညာပါတယ်။
2016-03-23
မြန်မာအစိုးရက တန်ဖိုးနည်း အိမ်ယာတွေ ရောင်းချဖို့ကြိုးစားခဲ့တဲ့ စီမံကိန်းတွေဟာ အိမ်ခန်းဈေးတွေကြီး တဲ့အတွက် အောင်မြင်ခဲ့ခြင်း မရှိဘူးလို့ အိမ်ယာ ခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီတခုရဲ့ အစီရင်ခံစာ က ဖေါ်ပြလိုက်ပါတယ်။
2016-03-23
မကွေးတိုင်း မင်းဘူးမြို့နယ်မှာ မန်းရေနံမြေစီမံကိန်းအတွက် သိမ်းဆည်းခံ ခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-03-23
ဒီနေ့ တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ် သာသနာရိပ်သာလမ်း တောင်ကြီးပရဟိတ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2016-03-23
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်က လက်ခတ်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပြီး တိမ်းမှောက်တာကြောင့် ယာဉ်ပေါ်မှာပါတဲ့ လူ ၁၃ ယောက် သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
2016-03-23
မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုရာမှာ လူနေတိုက်ခန်းနဲ့ ဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့အတွက် ဈေးသူဈေး သားတွေက ယာယီဈေးတစ်ခု ဆောက်လုပ်ပေးဖို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီကို ဒီနေ့ တောင်းဆို ကြပါတယ်။
2016-03-23
ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ရရှိရေး ကို ထောက်ခံကြောင်း ဒေသခံ ၅၀၀ လောက်က စစ်တွေ မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-03-23
ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁၄၀ မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဆရာကြီး ရဲ့ ဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
2016-03-23
ကျဆုံးသွားကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အမြင့်ဆုံး စွန့်လွှတ်ကြ သူတွေ ဖြစ်ကြောင်းနဲ့ သူတို့မယုံကြည်တဲ့ အရာတွေကို အသက်စွန့်ပြီး အနစ်နာခံတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုလိုက် ပါတယ်။