လောင်းလုံမှာ ဘုရားဖူးယာဉ် တိမ်းမှောက်မှု ၁၃ ဦး သေဆုံး၊ ၄၇ ဦး ဒဏ်ရာရ
2016.03.23

Photo: တံမြက်စည်း(လှိုင်သာယာ ၂) FacebooK
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်က လက်ခတ်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပြီး တိမ်းမှောက်တာကြောင့် ယာဉ်ပေါ်မှာပါတဲ့ လူ ၁၃ ယောက် သေဆုံးပြီး ၄၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
လောင်းလုံဆေးရုံမှာ ၁၁ဦးနဲ့ ထားဝယ်ဆေးရုံမှာ ၂ ဦး သေဆုံးသွားတယ်လို့ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုဝေဖြိုးက ပြောပါတယ်။
"စုစုပေါင်း ၁၃ ယောက်သေတယ်၊ ၄၇ ယောက်က ဒဏ်ရာရတာပေါ့၊ အကုန်လုံးနီးပါးပြင်းတယ်၊ အခုက လောင်းလုံဆေးရုံးကနေ လိုအပ်တာတွေလုပ်ပြီးတော့ ထားဝယ်ဆေးရုံ ပြန်လွှဲပေးတယ်"
အဲဒီဘုရားဖူးယာဉ်မှာ သရက်ချောင်းမြို့နယ် ညောင်ဇင်နဲ့ ဆေးဖြန့်ကုန်း ကျေးရွာက ဒေသခံ ၆၀ ခန့် လိုက်ပါလာတာဖြစ်ပြီး ဘရိတ်ပေါက်သွားတာဖြစ်နိုင်တယ်လို့ ကိုဝေဖြိုးက ပြောပါတယ်။
ကျန်တဲ့ ၄၇ဦးဟာ ထားဝယ်ဆေးရုံမှာ ဆေးကုသနေဆဲဖြစ်ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ရှိနေပါတယ်။