တန်ဖိုးနည်း အိမ်ယာ မြန်မာတွေ မဝယ်နိုင်
2016.03.23
မြန်မာအစိုးရက တန်ဖိုးနည်းအိမ်ယာတွေ ရောင်းချဖို့ကြိုးစားခဲ့တဲ့ စီမံကိန်းတွေဟာ အိမ်ခန်းဈေးတွေကြီးတဲ့ အတွက် အောင်မြင်ခဲ့ခြင်း မရှိဘူးလို့ အိမ်ယာခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုရဲ့ အစီရင်ခံစာက ဖေါ်ပြလိုက် ပါတယ်။
မြေဈေးတွေကြီးတဲ့အတွက် တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းကို သိန်း ၃ဝဝ လောက် ဈေးနှုန်းဖြစ်နေတယ်လို့ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးကော်မတီဝင် ဒေါက်တာတိုးအောင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အဲ့ဒီအစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။
မိမိတို့အနေနဲ့ တိုက်ခန်းငှားခတွေကို အခုထက်ပိုပြီး ဈေးနှုန်းသက်သာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်သလို၊ ဒီအတွက် အစိုးရအနေနဲ့ အစီအစဉ်တစ်ခုရှိသင့်တယ်လို့လည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များအဖွဲရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ပြောပါတယ်။