သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-19
တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့မှာ မနေ့ကစပြီး ကျင်းပနေပါတယ်။ လာမယ့်ရက်တွေမှာ ရန်ကုန်မြို့ တရုတ်တန်းမှာ နဂါးအလှ အကပြိုင်ပွဲတွေလည်း ကျင်းပဖို့ ပြင်ဆင်ထားကြပါတယ်။
2015-02-19
စစ်ကိုင်းတိုင်း စစ်ကိုင်း- မုံရွာကားလမ်းမဘေးက “ရွာထောင်” ရပ်ကွက်ဟာ ငွေထည်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့နေရာ ဖြစ်ပါတယ်။ နှစ်ကာလအတော်ကြာ ဈေးကွက်ပျောက်ခဲ့တဲ့ ငွေထည်ဈေးကွက်ဟာ လက်ရှိအချိန်မှာ ဝယ်ယူသူများလာတာကို တွေ့ရပါတယ်။
2015-02-19
မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ် စီမံခွင့်မရတဲ့အတွက် Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2015-02-19
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ပေးဖို့ ပအိုဝ်းအမျိုးသားညီလာခံက တောင်းဆို လိုက်ပါတယ်။
2015-02-19
မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းဆရာမနှစ်ဦးအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဘုရားရှိခိုးကျောင်း ၄၀၀ နီးပါးမှာ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။
2015-02-19
၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက် အားလုံးပါဝင်နိုင်မယ့် ပြည်ထောင်စုအဆင့် ညီလာခံ တစ်ရပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-19
ကိုးကန့်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ ကိုးကန့်အဖွဲ့တွေနဲ့အတူ တပ်မတော်ကို တိုက်ခိုက်တာမှာ SPPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ပါဝင်တယ်လို့ စွပ်စွဲပြောဆိုမှုနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း SSPP/SSA က RFA ကို ပြောပါတယ်။
2015-02-19
ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက် ဆုံးထားပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြ ဌာန်းပေး ဖို့ လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မကျောင်း သူကျောင်း သားသပိတ်စစ်ကြောင်းက ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-02-19
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက် ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အရပ်သား တစ်ထောင်ကျော်လောက် ပိတ်မိနေသေး တယ်လို့ ကွမ်လုံမြို့အခြေစိုက် ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။
2015-02-19
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က အမှတ် (၂) ပလိပ်အထည်စက်ရုံက အလုပ်သမားတွေဟာ ၂ လနီးပါး သူတို့တောင်းဆိုချက်တွေကို တောင်းဆို ခဲ့ပေမယ့် စက်ရုံဘက်က လိုက်လျောပေးတာ မရှိတဲ့အတွက် ဒီနေ့ ပလိပ်မြို့မှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။
2015-02-19
လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ ပဲခူးတိုင်းဒေသ ကြီး၊ လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ က အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
2015-02-19
မွန်ပြည်နယ် သထုံမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ဒီနေ့ထိ ၄ ရက်ကြာကျင်းပခဲ့တဲ့ ပအို့ဝ်အမျိုးသား ညီလာခံက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ တောင်း ဆိုကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
2015-02-19
ကိုးကန့်တပ်တွေနဲ့ ပူးတွဲတိုက်ခိုက်နေတဲ့အထဲမှာ ကေအိုင်အေ၊ ဝမ်ဟိုင်း SSA နဲ့ တအာင်းလွတ်မြောက်ရေးတပ် TNLA လည်းပါတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
2015-02-19
ရှမ်းပြည်နယ်က ကျောင်းသားတွေဟာ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်း သားတွေကို ထောက်ခံကြောင်း တောင်ကြီးမြို့မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2015-02-19
အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သမ္မတဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပါတယ်။