ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြင်ဖို့ ပအိုဝ်းညီလာခံ တောင်းဆို


2015.02.19

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ပအိုဝ်းအမျိုးသားညီလာခံက တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ် သထုံမြို့မှာ ၄ ရက်ကြာကျင်းပတဲ့ ပအိုဝ်းအမျိုးသားညီလာခံကနေ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအခြေအနေတွေနဲ့ လိုက်လျေညီထွေစွာ ပြုပြင်ရတယ်၊ အဲ့လိုပြုပြင်ပြီးနောက်မှာတော့ သင့်လျော်တဲ့အချိန်ကျရင် လူထုဆန္ဒနဲ့အညီ အသစ်ပြည်လည်ရေးဆွဲဖို့ပါ"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဓိကတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံရေးအာမခံချက်ရဖို့ အခုလိုတောင်းဆိုလိုက်တာလို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားတွေအနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်မှာဖြစ်ကြောင်းလည်း အဲဒီညီလာခံက ဆုံးဖြတ်တယ်လို့ ပြောပါတယ်။

အမျိုးသားညီလာခံကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ပအိုဝ်းနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။