လွှတ်တော်မှာ ပညာရေးဥပဒေပြင် ဆင်ရေး ကျောင်းသားတွေ နောက် ဆုံးရက်သတ်မှတ်
2015.02.19

ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပြဌာန်းပေးဖို့ လက်ပံတန်းမြို့ကို ရောက် ရှိနေတဲ့ ပင်မကျောင်းသူ ကျောင်းသားသပိတ် စစ်ကြောင်းက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
လွှတ်တော်က အဲဒီရက်မှာ ပြဌာန်းမပေးဘူးဆိုရင် မူလအစီအစဉ်အတိုင်း ရန်ကုန်ကို ဦးတည်လမ်းလျှောက် ဆန္ဒပြမယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ် ကပြောပါတယ်။
"ကျနော်တို့ပေးထားတဲ့ ၁ဝ ရက်အတွင်းမှာ ဥပဒေပြင်ဖို့အနေနဲ့ လုံလောက်တဲ့အချိန်လို့ သတ်မှတ်တယ်၊ တကယ်လို့ ၁၁ ရက်မြောက်နေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု မရှိသေးဘူးထင်ရင် ကျနော်တို့အင်နဲ့အားနဲ့ ရန်ကုန်ကိုရောက်အောင်ချီတက်မယ်၊ ကျနော်တို့က ဒီထက်အင်အားများနေဖို့လိုတဲ့အတွက် ပင်မစစ်ကြောင်းမှာ မူလကတည်းကမပါထားတဲ့ ကျောင်း သားတွေကို လှမ်းဆွေးနွေးပြီးတော့ခေါ်တယ်လေ"
အခုလိုသပိတ်ကို ယာယီရပ်နားထားတာဟာ ကျောင်းသူကျောင်းသားတွေ စာမေးပွဲရက်တွေရှိနေ တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် မန္တလေးမြို့ကနေ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ထွက်ခွါလာတာဖြစ်ပြီး လက်ပံတန်းမြို့အရောက်မှာ ကျောင်းသူ ကျောင်းသားအင်အား ၁၈၀ လောက်ရှိတယ် လို့သိရပါတယ်။
ဧရာဝတီ မြေလတ်နဲ့ အောက်မြန်မာပြည်က ကျောင်းသားသပိတ်စစ်ကြောင်းတွေကတော့ ရုပ်သိမ်းသွားပြီ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။