ပြည်ထောင်စုအဆင့် ညီလာခံဖြစ်မြောက်ရေး UNA ကြိုးပမ်းမည်
2015.02.19

၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင် ဖို့အတွက် အားလုံးပါဝင်နိုင်မယ့် ပြည်ထောင်စုအဆင့် ညီလာခံတစ်ရပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA က ဆုံးဖြတ်လိုက်ပါတယ်။
တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်နိုင်ငံရေးပါတီတွေ တက်ရောက်တဲ့ ၃ ရက်ကြာ ညီလာခံကနေ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖဲ့ွချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
"အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက် ပဲနဲ့ ကျနော်တို့တိုင်းပြည်က အေးချမ်းမှာမဟုတ်ဘူး၊ အားလုံးအေးချမ်းဖို့ဆိုရင် အားလုံးလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ် ပေါ်ပေါက် ရမယ်၊ အဲ့ဒါမှသာလျှင် ငြိမ်းချမ်းပြီး တိုးတက်မှုကိုရှေးရှုနှိုင်မယ်၊ အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စု ညီလာခံ ကြီးတစ်ရပ် ပေါ်ပေါက်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းမယ်၊ အဲ့မှာအပစ်ခတ်ရပ်စဲရေး ပါမှာပေါ့နော်၊ လက်မှတ်ထိုးတာတွေပါမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အားလုံးကြုံနေရ တဲ့ ပြဿနာတွေရှင်းဖို့ အဲ့ဒါတွေပါပါတယ်"
ပြည်ထောင်စုအဆင့်ညီလာခံ ကျင်းပနိုင်ရေးအတွက် UNA နဲ့ မဟာမိတ်အဖဲ့ွတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်အမှုဆောင်အဖဲ့ွကို ဒီနေ့ဖွဲ့စည်းခဲ့ပါတယ်။ ကိုးကန့်ဒေသ ပဋိပက္ခအပါအဝင် စစ်ရေးပဋိပက္ခတွေ အားလုံးကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး အတည်ပြု ပြဌာန်းပေးဖို့ကိုလည်း အကြံပြုထားပါတယ်။
ညီလာခံကို UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ်၊ ဇိုမီးဒီမိုကရေစီအဖဲ့ွချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေအပြင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေနဲ့ လူမှုအဖဲ့ွအစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။