သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-10
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံထိုင်းကုမ္ပဏီက ဒီကနေ့ ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2012-12-10
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (International Human Rights Day) ဟောပြောပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-12-09
အီတလီနိုင်ငံ Sarzana မြို့မှာ မနေ့က ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်မှာ ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်သောပါက က မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
2012-12-09
လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့ က ရွှေနဒီပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ကွင်းပြင်မှာ ဒီကနေ့ လူထု ပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြားလိုက်ပါတယ်။
2012-12-09
မနက်ဖြန် ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ကျရောက်မဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (International Human Rights Day) အထိမ်းအ မှတ် ဟောပြောပွဲကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။
2012-12-09
ကမာရွတ်မြို့နယ်၊ ရွှေလီလမ်း မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ (၃)ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ချင်းအမျိုးသား တပ်ဦး(CNF)နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ဟာ ဒီကနေ့မှာတော့ နောက်ဆုံးနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2012-12-09
မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူဘို့ ဆောင်ရွက်နေပါတယ်။
2012-12-08
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ စတင်ခဲ့တဲ့ ဦးသန့်အရေးအခင်း ကာလအတွင်း ပါဝင်လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
2012-12-08
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနေ့က ကျင်းပတဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပဒေသာကပွဲကို တတ်ရောက် လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က နောက်ဆုံးခံတပ်မှ ခုခံခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ အခုလို ဟောပြော ခဲ့ပါတယ်။
2012-12-08
မြန်မာနိုင်ငံမှာ အမျိုးသားနေ့ကျင်းပရေးကို အစိုးရအဆက်ဆက်က ဂရုတစိုက် အားမပေးတော့တဲ့အတွက် သမိုင်းဝင်နေ့တစ်နေ့ဟာ တဖြေးဖြေး မှေးမှိန်လာနေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့မှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေက ပြောပါတယ်။
2012-12-08
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရာရ ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေ ကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။
2012-12-08
မြန်မာနိုင်ငံတိုးတက်ဖို့အတွက် အမျိုးသားညီညွှတ်မှုအောင်ပွဲတွေ အများကြီးလိုအပ်သေးကြောင်း နတ်မောက်မြို့ ဗိုလ်ချုပ်ကွင်းမှာ စနေနေ့က ကျင်းပခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုတွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲချူပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာတဲ့ လူထုပရိသတ် တစ်သောင်းကျော် ကို ပြောကြားခဲ့ပါတယ်။
2012-12-08
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယနေ့ ဆွေးနွေးပွဲကို စနေနေ့က ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆက်လက် ကျင်းပခဲ့ကြပါတယ်။
2012-12-07
ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၆ လ ရှိခဲ့ပြီ ဖြစ်ပေမယ့် အိုးအိမ်စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၁ သောင်းကျော်ဟာ အခက်အခဲမျိုးစုံ နဲ့ နေထိုင်နေကြရဆဲပဲလို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ပြောကြား လိုက်ပါတယ်။
2012-12-07
လွတ်လပ်တဲ့အာရှအသံ RFA အကြီးအကဲ Libby Liu ဟာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော် သမ္မတရုံးမှာ မနေ့ မနက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာ မှာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ သတင်းလွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းတွေမှာ ကူညီပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။