အမျိုးသားနေ့ စာပေဟောပြောပွဲ ကိုမင်းကိုနိုင် ဟောပြော
2012.12.08

"နောက်ဆုံးခံတပ်ဖြစ်တဲ့ မန္တလေးကနေပြီးတော့ ခုခံမယ့်တရားသောတိုက်ပွဲမှာ ရဟန်းရှင်လူပြည်သူအပေါင်းဟာ နောက်ကဘယ်သူမှမတိုက်တွန်းရပဲ ကိုယ့်အသိနဲ့ကိုယ် ရရာလက်နက်ကိုင်ဆွဲပြီးလို့ ငါရှေ့ဆုံးကအသေခံပါ့မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ခုခံပေးကြပါ"
ကံတက်ကုန်း ကျောင်းတိုက်နဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး စာပေဟောပြောပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့၊ မန္တလေးက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းသူ ကျောင်းသားတွေ အပါအဝင် ပရိသတ်၂ဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားနေ့ကျင်းပရေးကို အစိုးရအဆက်ဆက်က ဂရုတစိုက် အားမပေးတော့တဲ့အတွက် သမိုင်းဝင်နေ့တစ်နေ့ဟာ တဖြေးဖြေး မှေးမှိန်လာနေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့မှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေက ပြောတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |