အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားမှာ ကျင်းပမည်

မနက်ဖြန် ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ကျရောက်မဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (International Human Rights Day) အထိမ်းအ မှတ် ဟောပြောပွဲကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။

2012.12.09
Myitkyina_HRday_305 မြစ်ကြီးနားမြို့တွင်ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေကို ကချင်ပြည်နယ်က ဒေသခံတွေ သိရှိနားလည်လာအောင် ရည်ရွယ်ကျင်းပရတာလို့ မြစ်ကြီးနားမြို့က
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမုန်ဆိုင်းတူး က RFA ကို ပြောပါတယ်။

မနက်ဖြန်မှာပြုလုပ်မဲ့ အဲ့ဒီဟောပြောပွဲကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးလဖိုင်ဇော်ဂွန်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သင်တန်းပို့ချနေသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဆမ် တို့က ဟောပြောဖို့စီစဉ်ထားပြီး တခြားလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့NLD ပါတီကလည်း မဂျွယ်ခန်းမမှာပြုလုပ်မဲ့ အဲဒီအခမ်းအနားမှာ အတူပူးပေါင်းပါဝင်မယ်လို့သိရပါတယ်။ဒီနှစ်အခမ်းအနားဟာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ အခုလိုကျင်းပမှာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေဆီကလည်း ပြုလုပ်ခွင့်ပြုခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။