အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ရဲ့ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယနေ့ ဆွေးနွေးပွဲကို စနေနေ့က ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆက်လက် ကျင်းပခဲ့ကြပါတယ်။

2012.12.08
cnf_305 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပခဲ့စဉ်
Photo: RFA/Nay Myo Tun

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ အခက်အခဲတွေရှိနိုင်တာကြောင့် အခုလက်ရှိအစိုးရလက်ထက်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင် ဖော်ဆောင်သွားချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က တက်ရောက်သတင်းယူတဲ့ မီဒီယာတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၁ ချက်ထဲက တဝက်လောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး  မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈  ရက် နှစ်ရက်ဆွေးနွေးမယ်လို့ စီစဉ်ထားပေမဲ့၊ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေဟာ နယ်မြေခွဲခြားရေးကိစ္စတွေ စစ်ရေးကိစ္စတွေ ပါဝင်နေတဲ့အတွက် မပြီးပြတ်သေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။