သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို မြန်မာအစိုးရဘက်က ပြန်လည်ခေါ်ယူဖို့ တွန့်ဆုတ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောထားသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်လက်မခံချင်တာကြောင့် လက်ခံရေးအစီအစဉ်တွေ ဘာတစ်ခုမှ ဖြစ်မလာဘူးလို့ ပြစ်တင်ပြောဆိုနေကြပါတယ်။
2019-06-18
လက်ရှိအစိုးရလက်ထက်မှာ တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာပျက်စီးအောင် ပြုလုပ်နေတဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အဲလို ပြုလုပ်နေတဲ့သူတွေကို မဲမပေးဖို့အပါအဝင် ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ မဘသ ထုတ်ပြန်ချက်အပေါ် အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
2019-06-18
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရမှုတွေ၊ တစ်နေ့တခြား များပြားလာနေပါတယ်။
2019-06-18
လက်ရှိကမ္ဘာတဝှမ်းမှာ စီးပွားရေးတိုးတက်မှု အလားအလာနှေးကွေးနေပေမယ့် မြန်မာ့စီးပွားရေးကတော့ ၂ဝ၁၈ ခုနှစ်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရာကနေ တဖြည်းဖြည်းတည်ငြိမ်ပြီး ပြန်အရှိန်ရလာပေမယ့် နိုင်ငံတကာက သက်ရောက်လာနိုင်တဲ့ ဖိအားတွေကြောင့် ထိခိုက်လာနိုင်ခြေရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
2019-06-18
ပြည်တွင်းက ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကို ထိခိုက်မှုရှိနေတဲ့ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်းတီဗီကိစ္စတွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောပါတယ်။
2019-06-18
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘုရားလမ်းကျေးရွာမှာ တည်ဆောက်ထားတဲ့ HONG YUAN ဟုမ်ရွမ် အထည်ချုပ်စက်ရုံကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတာကို ဖြေရှင်းပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
2019-06-18
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘုရားလမ်းကျေးရွာမှာ တည်ဆောက် ထားတဲ့ HONG YUAN ဟုမ်ရွမ် အထည်ချုပ်စက်ရုံကြောင့် ပျက်စီးသွားတဲ့ ကျေးရွာလမ်းကို ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆို ခဲ့ပါတယ်။
2019-06-18
မွန်ပြည်နယ် ရေးမြို့နယ်မှာ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းခင်းဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့က တင်ဒါမခေါ်ဘဲ နီးစပ်ရာကို လုပ်ပိုင်ခွင့်ချပေးခဲ့တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
2019-06-18
ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ တိုင်းရဲမှူးရုံးတည်ဆောက်မယ့်ကိစ္စ၊ ကိုကိုးကျွန်းသွား သင်္ဘောဝယ်ယူဖို့ကိစ္စနဲ့ စုပေါင်းရာဇဝတ်တရားရုံး ဆောက်လုပ်မယ့်ကိစ္စတွေအတွက် လာမယ့်ဘဏ္ဍာနှစ်မှာ သုံးဖို့ လျာထားတဲ့ ဘတ်ဂျက်ငွေကျပ် ၁၆ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးအတွက်သာ ပြောင်းလဲအသုံးပြုဖို့ ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်လိုက်ပါတယ်။
2019-06-18
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သောင်းနဲ့ချီတဲ့ သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်တွေဟာ တပ်မတော်စစ်ကြောင်းတွေရဲ့ ဖိနှိပ်ရက်စက်ခံရမှုတွေ အပါအဝင် ကိစ္စတချို့ကြောင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး မရကြဘူးလို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲက ဒီနေ့ ပြောလိုက်ပါတယ်။
2019-06-18
မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။
2019-06-18
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီလောက်ကစပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2019-06-17
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမယ်လို့ ဗီယက်နမ် ဒု ဝန်ကြီးချုပ် ဗွန်ဒင်ဟွေး က ပြောလိုက်ပါတယ်။ ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့တာပါ။
2019-06-17
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရပြီး၊ တိမ်းရှောင်နေတဲ့ ဦးဝီရသူ အပေါ် ဖမ်းဝရမ်း ထုတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2019-06-17
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ စိစစ်မှုတွေ လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။