သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-23
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေ အနေတွေအပေါ် သုံးသပ်ထားတဲ့ နိုင်ငံရေးကြေညာစာတမ်း တစ်စောင်ကို အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖဲ့ွ အစည်းတို့ ပူးတွဲထုတ်ပြန် မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
2015-05-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သာ အစိုးရ ဖြစ်မယ်ဆိုရင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူသွားရမှာဖြစ်ကြောင်း ပြည်သူမပါပဲ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။
2015-05-23
စစ်တပ်ကသိမ်းထားတဲ့လယ်တွေပြန်ပေးဖို့ ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြလိုက်တဲ့ တောင်ကြီးမြို့နယ် ရေပူရွာက လယ်သမားဦးမြင့်အောင်ကိစ္စဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး၊ ဒီမိုကရေစီ ပညာရေးတောင်းဆိုတဲ့သပိတ်မှာပါဝင်လို့ ထောင် ၃ လ ချခံလိုက်ရတဲ့ ကျောင်းဆရာဦးဝေယံအောင် အပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုအရေးယူနေ တာကလဲ မဖြစ်သင့်ဘူးလို့ NLD သဘာပတိဥက္ကဌ ဦးတင်ဦး က ပြောပါတယ်။
2015-05-23
ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့အသက်တွေကို ကယ်တင်ကြဖို့ မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
2015-05-23
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးနဲ့ပတ်သက်ပြီး မေလ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ပါတယ်။
2015-05-23
၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက် (ြငိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) နဲ့၊ တိုင်းရင်းသားပါတီတွေ စုစည်းထားတဲ့ “စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့- UNA” တို့က တောင်းဆိုလိုက်ပါတယ်။
2015-05-23
မန္တလေးတိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ “မြို့သာစက်မှုဥယျာဉ်” စီမံကိန်းဧရိယာထဲမှာ ပါဝင်တဲ့ လယ်ယာမြေတွေမှာ လျော်ကြေးယူမထားတဲ့ မြေပိုင်ရှင်တွေ က ဝင်ရောက်စိုက်ပျိုးနေတာကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံတားဆီးနေပါတယ်။
2015-05-23
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်း ပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကို သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-05-23
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-05-23
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာ မှာ အစိုးရတပ်မတော် အရှေ့ပိုင်းတိုင်း စစ် ဌာနချုပ်က သိမ်းထားတဲ့လယ်ယာမြေတွေ ပြန်ပေးဖို့၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ပြီး ဆန္ဒပြတောင်းဆို ခဲ့တဲ့ တောင်သူ ဦးမြင့်အောင်ဟာ မနေ့က နေ့လည် ၁ နာရီ ခွဲလောက်မှာ စဝ်စံထွန်းဆေးရုံကြီးမှာ ကွယ်လွန်သွားပါ တယ်။
2015-05-23
မြန်မာနဲ့ ဗီယက်နမ် ဘောလုံးအသင်းတွေ မနေ့က ချစ်ကြည်ရေးပွဲကစားရာမှာ ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။
2015-05-22
ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက် ဖို့အတွက် ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄ဝ နီးပါးကို ချေးယူ မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင် စု လွှတ်တော်ထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။
2015-05-22
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ပေးဖို့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ UNA အဖွဲ့တို့ က တောင်းဆိုလိုက်ပါတယ်။
2015-05-22
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က ပြည်သူပိုင်အားကစားကွင်းကို ပုဂ္ဂလိက အဆောက်အဦး ဆောက်လုပ်ခွင့်ပြုထားတာကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွ အစည်းက ဦးကိုကိုကြီးကို တောင်ဥက္ကလာမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ကြောင်း ဒီနေ့ ခေါ်ယူ အသိပေးခဲ့ပါတယ်။
2015-05-22
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာ မှာ အစိုးရတပ်မတော်က သိမ်းဆည်းထား တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် မနေ့က ကိုယ့်ကိုကိုယ် မီးရှို့ပြီးဆန္ဒပြတဲ့ တောင်သူ ဦးမြင့်အောင်ဟာ ဒီနေ့ စဝ်စံထွန်းဆေးရုံကြီးမှာ ကွယ်လွန် သွားပါတယ်။