မီးရှို့ဆန္ဒပြသူ တောင်သူ ဦးမြင့်အောင်ကိစ္စဟာ တုန်လှုပ်စရာ ဖြစ်လို့ ဦးတင်ဦးပြော


2015.05.23

စစ်တပ်ကသိမ်းထားတဲ့လယ်တွေပြန်ပေးဖို့ ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြလိုက်တဲ့ တောင်ကြီးမြို့နယ်  ရေပူရွာက လယ်သမားဦးမြင့်အောင်ကိစ္စဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး၊ ဒီမိုကရေစီပညာရေးတောင်းဆိုတဲ့သပိတ်မှာပါဝင်လို့ ထောင် ၃ လ ချခံလိုက်ရတဲ့ ကျောင်းဆရာဦးဝေယံအောင် အပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူတွေ ကိုအရေးယူနေတာကလဲ မဖြစ်သင့်ဘူးလို့ NLD သဘာပတိဥက္ကဌ ဦးတင်ဦး က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပြဿနာ၊လယ်ယာနဲ့ အိုးအိမ်ခြံမြေအသိမ်းခံနေရတဲ့ ပြဿနာ၊ အလုပ်သမားပြဿနာ၊ ပညာရေးပြဿနာတွေပြေလည်ဖို့ တွေ့ဆုံဆွေးနွေးပွဲ ကို မြန်မြန်ဆန်ဆန်ပြုလုပ်တာပိုကောင်းတယ်လို့လဲဆိုပါတယ်။ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။