မြန်မာ့နိုင်ငံရေး သုံးသပ်ချက် NLD နဲ့ ငြိမ်း/ပွင့် ပူးတွဲထုတ်ပြန်မည်


2015.05.23
u-nyan-win-090512-b305 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း
RFA

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေအပေါ် သုံးသပ်ထားတဲ့ နိုင်ငံရေးကြေညာစာတမ်း တစ်စောင် ကို အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖဲ့ွ အစည်းတို့ ပူးတွဲ ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြော ပါတယ်။

NLD ရုံးချုပ်မှာ NLD ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့တာလို့ NLD ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"လက်ရှိနိုင်ငံရေးအခြေအနေကို ကျနော်တို့ရဲ့သဘောထား ၈၈ ရဲ့သဘောထား ဒါတွေကို ပြည်သူတွေသိနိုင်အောင် ကျနော်တို့ ထုတ်ပြန်မှာပါ၊ တိုင်းပြည်နိုင်ငံရေး အခြေအနေတွေ ပါမယ်၊ နောက် ရွေးကောက်ပွဲအပေါ်မှာ အမြင်တွေပါမယ်၊ ပါတီတွေ တိုင်းရင်းသားပါတီတွေအပေါ်မှာ အမြင်တွေပါမယ်၊ ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုတင်သွင်းကြမယ်၊ ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာလည်း ဆွေးနွေးပါတယ်၊ ကျနော်တို့ အများကြီးအထောက်အကူပြုမှာပါ၊ ရွေးကောက်ပွဲလည်း အထောက်အကူပြုမှာပါ"

ပြီးခဲ့တဲ့ မတ်လကစလို့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်နဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖဲ့ွအစည်းတို့ ဆွေးနွေးပွဲ ငါးကြိမ်ပြုလုပ်ခဲ့ပြီးနောက် အဲ့ဒီနိုင်ငံရေးကြေညာစာတမ်းကို လာမယ့် မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအခြေအနေ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ အခြေအနေတွေအပေါ် သုံးသပ်ထားတာတွေကို ကြေညာချက်အနေနဲ့ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။