သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-09
မြန်မာနိုင်ငံဆိုင်ရာ ပေါ်တူဂီ သံအမတ်ကြီး António Félix Machado de Faria e Maya ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2011-04-09
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုမို ကြီးထွားလာတဲ့ စစ်ရေးဆက်ဆံမှု အပေါ် စုံစမ်းစစ်ဆေးရေး အတွက် လွှတ်တော်ကိုတင်ပြဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် ရီပတ်ဘလစ်ကန်ပါတီအမတ် Richrad Lugar က သမ္မတအိုဘားမားကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။
2011-04-09
မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ် ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေး ရေးကိစ္စကို အထွေထွေညီလာခံမှာ ဆုံးဖြတ်ရာမှာ ဥရောပသမဂ္ဂ တခုလုံး ပါဝင် ထောက်ခံလာအောင် ဗြိတိန် အစိုးရအနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။
2011-04-09
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာ ကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁ဝ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2011-04-09
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ International High School က ဆရာမတဦးနဲ့ ကျောင်းသူကျောင်းသား ၁၂ ဦးတို့ မနေ့က မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
2011-04-08
မြန်မာစစ်သား (Burma Soldier) ဦးမျိုးမြင့်ရဲ့ ဘဝဖြစ်စဉ်ကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပုံ
2011-04-08
နှစ်စဉ် ကျင်းပလေ့ရှိတဲ့ စာနယ်ဇင်းနဲ့ ရုပ်ပြကာတွန်းဆရာကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ လူငယ် ကာတွန်းဆရာတွေဟာ ရန်ကုန်မှာ ဧပြီ ၇ ရက် မနေ့က စတင်ပြီး ၁၂ ရက်နေ့ထိ ကာတွန်းပြပွဲ တရပ် ခင်းကျင်း ပြသနေပါတယ်။
2011-04-08
မလေးရှား နိုင်ငံရှိ လင်းခေး လဝက ထိန်းသိမ်းရေးစခန်း ဖောက်ထွက်ပြေးရာမှာ မြန်မာအများစု ပါဝင်ခဲ့တဲ့အတွက် မြန်မာတွေ အနေများတဲ့ ရပ်ကွက်တွေကို အာဏာပိုင်တွေက လိုက်လံ စစ်ဆေးနေကြောင်း သိရှိရပါတယ်။
2011-04-08
အရှေ့တောင် အာရှဒေသအတွင်း ရှေ့နှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ငွေဖောင်းပွမှု အများဆုံး နိုင်ငံ ဖြစ်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဧပြီ ၆ ရက် ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
2011-04-08
မြန်မာ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်က ပိုက်လိုင်းကတဆင့် ရယူဖို့ စီစဉ် နေရာမှာ မိုင်ငါးရာ ကျော် ရှည်လျားတဲ့ ပိုက်လိုင်း သွယ်တန်းရေး လုပ်ငန်း မြန်ဆန်အောင် အားပေးတဲ့အနေနဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က မြန်မာပြည်အတွက် ဆေးရုံတွေ ဆောက်လုပ်ဖို့ ဒေါ်လာ ၆ သန်း ကူညီမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
2011-04-08
အမေရိကန် ပြည်ထောင်စု အခြေစိုက် Vita Voices Global Partnership အဖွဲ့က သူတို့ရဲ့ ၁၀ ကြိမ်မြောက် Global Leadership Award ဆုရှင် ၆ ဦးထဲက တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။
2011-04-07
တရုတ် မြန်မာနယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့ရဲ့တဖက်- တရုတ်နိုင်ငံဖက်ခြမ်း (မန်ဟိုင်း) မှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေရာမှာ အခုအခါ ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သတင်း ရရှိပါတယ်။
2011-04-07
အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မနေ့က ပြောကြားလိုက်ပါတယ်။ လတ်တလော အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
2011-04-06
ပဲခူးတို်င်း အနောက်ဖက်ခြမ်း လက်ပံတန်းမြို့နယ်၊ ခမုံတိုက်နယ်၊ သာရဝေါနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်တွေ မှာ အသက် ၅ နှစ်က ၁၂နှစ် အရွယ်ကလေးတွေ ပျောက်ဆုံးနေတယ်လို့ RFA က ကြားသိရပါတယ်။
2011-04-06
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ထိုးစစ်တွေ မအောင်မြင်တဲ့အတွက် စစ်အစိုးရတပ်ဖက်က SSA မြောက်ပိုင်းတပ်ကို စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းလာတယ်လို့ သတင်းရရှိပါတယ်။