စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံပြောဆို

အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မနေ့က ပြောကြားလိုက်ပါတယ်။ လတ်တလော အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

2011.04.07
thein_sein_campbell_305_z.jpg မြန်မာစစ်အစိုးရ၏ သတင်းဌာနမှ ထုတ်ပြန်သော ဓာတ်ပုံတွင် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် (ယာ) နှင့် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝဲ) တို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေပွဲ မစမီ နှုတ်ဆက်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)


လတ်တလော အခြေအနေတွေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိသလဲ၊ မြန်မာခေါင်းဆောင်သစ်နဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှု ဖြစ်ထွန်းနိုင်မလား ဆိုတာတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ Mr. Campbell က ပြောပါတယ်။

ဒါ့ပြင် Mr. Campbell က မြန်မာခေါင်းဆောင်သစ်တွေနဲ့ ချည်းကပ် ဆက်ဆံရေးအတွက် အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံ အားပေးကြောင်း ပြောပါတယ်။

တဆက်တည်းမှာဘဲ သူက မြန်မာအစိုးရသစ်ရဲ့ စရိုက်လက္ခဏာကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။