သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-08
မြန်မာသမ္မတဦးသိန်းစိန်ဟာ ကုလသမဂ္ဂခရီးစဉ်အဆုံး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-10-08
လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေးအတွက် တောင်းဆို တင်ပြမယ့် လက်မှတ်တွေ လိုက်လံစုဆောင်းနေတယ်လို့ သိရပါတယ်။
2012-10-08
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် ပကတိ အခြေအနေတွေနဲ့ ဖြေရှင်း အကောင်အထည် ဖေါ်နိုင်မယ့် နည်းလမ်း တချို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2012-10-08
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ကို ဗုဒ္ဓဘာသာ သံဃာတော် အပါး (၇၀၀) ကျော် အပါအဝင် လူ (၁၀၀၀) ကျော် လောက်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-10-08
သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ကို ရောက်ရှိပြီး မနက်ဖြန်မှာ တောင်ကိုရီးယား သမ္မတ Lee Myung-Bak နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
2012-10-08
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၂ ပတ်ကျော်ကြာ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
2012-10-08
အကျိုးတူပူးပေါင်းရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းက လယ်သမား ၁၅၀ ကျော်နဲ့ ကုမ္ပဏီ ၄ ခုတို့က ကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး ပါတီရုံးမှာ ဒီကနေ့ (၇) ကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘူးလို့ စုံစမ်း သိရပါတယ်။
2012-10-08
ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်နဲ့ ကပ်လျှက်ရှိတဲ့ ဗလီကြီးဝင်း အတွင်း နေအိမ်တစ်လုံး တနင်္ဂနွေနေ့ နေ့လည် ၃ နာရီလောက်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
2012-10-05
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အဓိက အကြောင်းတရားဟာ ဒေသခံ မူဆလင်တွေ သီးခြားနိုင်ငံ ထူထောင်လိုတာကြောင့် မဟုတ်ဘဲ ပညာရေး နိမ့်ကျမှုကြောင့်လို့ မောင်တောမြို့အခြေစိုက် ထင်ရှားတဲ့ မူဆလင်ကျောင်းဆရာ ဦးခင်ဇော် (ခေါ်) ချားရ်နူမာ က ပြောပါတယ်။
2012-10-05
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေက ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-10-05
တက္ကသိုလ်သမဂ္ဂ အသီးသီးနဲ့ သင်တန်း၊ ကျောင်း၊ ဘော်ဒါဆောင် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများကွန်ရက်ကို ဒီကနေ့ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ စတင် တည်ထောင်လိုက်ပါတယ်။
2012-10-05
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့အတွက် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။
2012-10-05
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်အပါး ၁ ရာကျော်လောက် ဒီကနေ့နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-05
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်ဒေသ အမှတ် (၅၇) ခြေလျင်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ အရွယ်မရောက်သေးသူ ရွှေဘိုသား တပ်မတော်သား တစ်ဦးဟာ ILO နဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ (Facilitator Network with ILO Myanmar) အဖွဲ့အစည်း ရုံးခန်းရှိရာ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာပြီး တပ်ထွက်လက်မှတ်ရဖို့ အကူအညီ တောင်းခံတယ်လို့ သိရပါတယ်။
2012-10-05
မြန်မာနိုင်ငံဟာ လက်ရှိကာလမှာ အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်နေရတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် ညီညီညွတ်ညွတ်နဲ့ လက်တွဲ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စုကနေ မနေ့ညက ပြန်လည် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောင်နဲ့ချီ ကြိုဆိုကြတဲ့ လူထုကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။