သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-17
ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခု ကို ထုတ်ပြန်လိုက်ပါတယ်။
2013-06-17
ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ ရဲ့ မြေနေရာပေါ်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးထပ်တိုက် လူနေအိမ်ရာတွေ ပြန်လည်ဆောက်လုပ်ပေးဖို့ စီစဉ်နေတာကို နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရသူတွေက သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။
2013-06-17
မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲ နေထိုင်အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။
2013-06-17
ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party) အဖြစ်ထူထောင်ဖို့ ဒီကနေ့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
2013-06-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေးကြမယ်လိ့ု သတင်းရရှိပါတယ်။
2013-06-17
ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေ ကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-06-17
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြု တာကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အမျိုးစောင့်ဥပဒေဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ် (၁၆) မှာ ဖေါ်ပြထားတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ် ထိမ်းမြားခွင့်ရှိတယ်ဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ် လို့ အမျိုးသမီးအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-06-17
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။
2013-06-16
မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အာဟာရ ဓာတ်ချို့တဲ့နေတာတွေ့နေရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2013-06-16
၂ဝ၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခုသတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘောတပ်ဖွဲ့က ဦးဆောင်ကျင်း ပနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။
2013-06-16
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ရန်ကုန်မြို့ က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ကျင်းပခဲ့ပါတယ်။
2013-06-16
"လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ" Human Rights and Dignity လို့ အမည်ပေးထား တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဂျန်းရှင်းစကွဲယား (Junction Square) က ရုပ်ရှင်ရုံမှာ တနင်္ဂနွေနေ့ကစပြီး အခမဲ့ စတင်ပြသနေပါတယ်။
2013-06-16
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလရန်းဈေးကအပြန် မေလ ၃၁ ရက်နေ့ညဦးပိုင်း ၈ နာရီခန့်က လူတချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရန်ကုန်ဇာတိ ကိုဇင်ဘို ဆိုသူကို သူတို့မြန်မာတချို့ လက်ရှိခိုလှုံနေထိုင်တဲ့ ကပုန်း(Kepong) ရပ်ကွက်က ဆရာတော် ဒေါက်တာ အိန္ဒိက သတင်းသုံးရာ သမ္မာသမ္ဗောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းမှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဇွန်လ ၁၁ ရက်နေ့မှာ ခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-16
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနားကို အဲဒီအချိန်က ပါဝင်လှုပ်ရှားခဲ့သူတွေက ရန်ကုန်မြို့ ၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပဖို့ စီစဉ်ထားပါတယ်။
2013-06-15
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြ တဲ့ မြန်မာနိုင်ငံသား ၁၈ဝ နီးပါးဟာ MAI မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့ ဒီကနေ့ ပြန်လည်ရောက်ရှိလာကြပါတယ်။