သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-21
ရန်ကုန် ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ "အီလန်-မြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်အားခ တိုးမြှင့်ရရှိရေးအတွက် အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-11-21
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၊ ပိတ်ပွဲအခမ်းအနားနဲ့ ဆုပေးပွဲကို နိုဝင်ဘာလ ၁၈ ရက်ညပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-11-20
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-11-20
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ အစည်းအဝေး အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။
2013-11-20
အစ္စလာမ် ဘာသာရေး အဆောက်အဦတွေ ကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည် စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2013-11-20
မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ခါကဘိုရာဇီတောင်ဟာ လတ်တလော တိုင်းတာချက်အသစ်တွေ အရ အမြင့်ဆုံးတောင်အဖြစ် ဆက်ရှိနေမလားဆိုတာ မသေချာတော့ဘူးလို့ သိရပါတယ်။
2013-11-20
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား၊ အကြမ်းဖက်ခံရမှုတွေ ရှိလာနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU (Rakhine Women Union) က ဒီကနေ့ စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ပြောကြားလိုက် ပါတယ်။
2013-11-20
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီခေါင်းဆောင်ဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဒီနေ့ညနေပိုင်းက နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။
2013-11-20
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ် ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလစာတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြပါတယ်။
2013-11-20
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းမှာရှိတဲ့ ‘စပါးနှံ’ တာယာစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ လစာငွေ နှစ်သောင်းကျပ်တိုးပေးဖို့နဲ့ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ပေးဖို့ ဒီနေ့မနက်ပိုင်းကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2013-11-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇ ရက်ကြာ သြစတြေးလျနိုင်ငံခရီးစဉ်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2013-11-20
ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံ နှစ်ထောင်ကျော်ထဲက တစ်ထောင်ကျော်လောက်ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေ ကို ရောက်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။
2013-11-20
“သူရိယနေဝန်းဂျာနယ်”ဟာ ခရိုနီလို့ အများက ခေါ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ရေးသားနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိနေသလို အဲဒီလို ဆောင်းပါးတွေကြောင့်ပဲ ဝယ်ယူဖတ်ရှုသူတွေ များနေတယ်လို့ ဂျာနယ်ထုတ်ဝေသူက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်း အဲဒီလို ရေးသားမှုတွေဟာ သတင်းဂျာနယ် ကျင့်ဝတ်နဲ့ မညီညွတ်ဘူးဆိုပြီး ဝေဖန်နေကြပါတယ်။ သူရိယနေဝန်း ဂျာနယ်အမှုဆောင်အရာရှိချုပ် ကိုမိုးဟိန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-11-20
သဘာဝသယံဇာတ အရင်းအမြစ် တူးဖေါ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုဖေါ်ဆောင်ရေး(EITI) ဆိုင်ရာတွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပြည်ပက အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက် မနေ့က နေပြည်တော် မြန်မာနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ MICC မှာ ကျင်းပခဲ့ပါတယ်။
2013-11-20
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဦးနှစ်ဘက် ယုံကြည်မှုမတည်ဆောက်သေးသရွေ့ ပြန်လည်သင့်မြတ်ရေးအတွက် အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့ ဒေသခံဘာသာရေးခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ တချိန်တည်းမှာလည်း နှစ်ဖက်လူ့အဖွဲ့အစည်းက ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးကြောင်း ပြောကြပါတယ်။ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။