ကိုမိုးဟိန်း (သူရိယနေဝန်း)နဲ့ တွေ့ဆုံမေးမြန်းခန်း
2013.11.20
“သူရိယနေဝန်းဂျာနယ်”ဟာ ခရိုနီလို့ အများက ခေါ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ရေးသားနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိနေသလို အဲဒီလို ဆောင်းပါးတွေကြောင့်ပဲ ဝယ်ယူဖတ်ရှုသူတွေ များနေတယ်လို့ ဂျာနယ်ထုတ်ဝေသူက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်း အဲဒီလို ရေးသားမှုတွေဟာ သတင်းဂျာနယ် ကျင့်ဝတ်နဲ့ မညီညွတ်ဘူးဆိုပြီး ဝေဖန်နေကြပါတယ်။ သူရိယနေဝန်း ဂျာနယ်အမှုဆောင်အရာရှိချုပ် ကိုမိုးဟိန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။