သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-17
ထိုင်းနိုင်ငံမြောက်ပိုင်း Khon Kaen မြို့က Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံမှာ အလုပ်ရှင်နဲ့ တင်းမာမှုဖြစ်ပြီး ထွက်ခွာလာခဲ့ကြတဲ့ ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ငါးပုစွန် စက်ရုံမှာ အလုပ်အကိုင်သစ် ရသွားကြပြီလို့ သိရပါတယ်။
2010-10-17
မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုး အဆက်မပြတ်ရွာပြီး မြစ်ရေချောင်းရေ လျှံတာတွေနဲ့ အာဏာပိုင်တွေက ဆည်ရေ ဖောက်ချတာတွေကြောင့် မန္တလေးတိုင်း မြို့ရွာတချို့မှာ ခုချိန်အထိ ရေကြီးနေပြီး အကူအညီ တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2010-10-17
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ပါတီ ရသုံးငွေကြေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ထုတ်ဖော် ရှင်းလင်းသင့်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2010-10-17
မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲအထိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။
2010-10-17
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေက ဝင်ရောက်ကူညီမှု မရှိတဲ့ အခြေအနေတွေကို ဆွေးနွေးထားကြပါတယ်။
2010-10-16
မန္တလေးတောင်ခြေ အိုးဘို အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅ ထောင့် ၅ ရာ နီးပါးကို သီတဂူ ဆရာတော် ဦးဉာဏိဿရ ဦးဆောင်တဲ့ တပည့် ဒါယကာ ဒါယိကာမတွေ စုပေါင်းပြီး အစားအသောက်နဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2010-10-16
မန္တလေးတိုင်း မိတ္ထိလာမြို့နယ်အတွင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ပြီး ရေတက်လာပါတယ်။ အဲဒီနောက် မိုး အဆက်မပြတ် ရွာခဲ့တဲ့အတွက် မုန်တိုင်ဆည်မှာ ရေမထိန်းနိုင်တော့လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖောက်ချလိုက်တဲ့အတွက် ဆည်အောက်မှာရှိတဲ့ ရွာတွေ ရေလွှမ်းခဲ့တယ်လို့ သိရပါတယ်။
2010-10-16
မေလ ၂၄ရက်က မီးလောင်ကျွမ်းလို့ ပိတ်ထားခဲ့တဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အခု ရက်ပိုင်းအတွင်း ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။
2010-10-16
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အင်ဒိုနီးရှား အစိုးရ အနေနဲ့ လူသိရှင်ကြား ထောက်ခံသင့်ကြောင်း Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2010-10-16
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့ စစ်အစိုးရက ငြင်းဆိုနေတာကို သူ့အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောဆိုပါတယ်။
2010-10-15
နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ စစ်အစိုးရ တဖက်သတ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကသာ တခုတည်းသော လမ်းကြောင်းဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ပြောဆိုလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
2010-10-15
မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် အမေရိကန် ဦးဆောင်ပြီး နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးရေးမှာ ဂျပန်နိုင်ငံ ပါဝင်ထောက်ခံဖို့ စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီက ဂျပန်အစိုးရထံကို ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စာတစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
2010-10-15
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နွားလပို့တောင်မှာ KIA ကချင် သောင်းကျန်းသူတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးသွားတယ်ဆိုပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို သောင်းကျန်းသူအဖွဲ့အဖြစ် စစ်အစိုးရသတင်းစာက အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ပြန်လည်သုံးစွဲ ဖော်ပြလိုက်ပါတယ်။
2010-10-15
လမ်းပြကြယ် ဦးအေးမြင့်လို့ လူသိများတဲ့ ပဲခူးမြို့မှာ နေထိုင်သူ ရှေ့နေဦးအေးမြင့်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဒီရက်ပိုင်းတွေအတွင်း အဆက်မပြတ် ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်နေပြီး ၊ ရွေးကောက်ပွဲ ကိုသပိတ်မှောက်ဖို့ တကယ် ပြောတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှားယွင်းတယ်လို့လည်း သူက ပြောပါတယ်။
2010-10-15
မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုမယ်ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။