မိတ္ထိလာမှာလည်း ဆည်ဖောက်လို့ ရေကြီးနေ
2010.10.16
အထူးသဖြင့် ကကော့၊ ရွာမ ရှင်မြို့ ရွာတွေမှာ အဆိုးဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြောင့် ဒုက္ခရောက်နေသူတွေဟာ ရွာအပြင် ကုန်းမြင့်တဲ့ နေရာတွေမှာ တဲထိုးပြီး နေတဲ့လူတွေ ရှိသလို တချို့ကတော့ ရွာထဲမှာ ကိုယ့်အိမ်ကို စောင့်ကြည့်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ မနေ့ကတော့ ရေဘေး ဒုက္ခရောက်နေသူတွေကို မိတ္ထိလာ NLD အဖွဲ့က ရေသန့်ဗူးနဲ့ စားစရာတချို့ အကူအညီ ပေးခဲ့တဲ့အကြောင်း ကိုတင်ကိုက ပြောပါတယ်။
နာရေးကူညီမှု အသင်းနဲ့ မြို့ပေါ်ရပ်ကွက်တွေက ထမင်းထုတ်တွေ ဝေပေးနေတာ တွေ့တယ်လို့လည်း ပြောပါတယ်။ အခုလို ရေလွှမ်းသွားတာကြောင့် စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်း စတဲ့ သီးနှံပင်တွေလည်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
အခု ရက်ပိုင်းတွေအတွင်း မန္တလေးတိုင်း ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ မတ္တရာ၊ စဉ့်ကူး စတဲ့ မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ဆည်ရေ ဖောက်ချတာတွေကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် သတင်း ပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |